
ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထားရပ်ကွက် သဲဖြူချောင်းအတွင်း ရေစုကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား သည်။ သဲဖြူချောင်းနှင့် ချောင်းအတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းတို့ ဆုံရာနေရာတွင် ရေစုကန်တူးဖော် ၍ ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက်ပေးခြင်း ဖြင့် ဒီရေတက်ချိန်တွင် ရေကို ယာယီထိန်းသိမ်းထား နိုင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်အတွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် ပုဇွန်တောင်ချောင်းကူး သာကေတ တံတားဟောင်းရှိ စက်ဘီးလမ်းနှင့် လူသွားလမ်းပါ Linear Park တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး ၍ မကြာမီဖွင့်လှစ်နိုင်ရေးအတွက် အပြီးသတ်လုပ်ငန်း များ အမြန်ဆောင်ရွက်ရန်၊ တံတားအတက်၊ အဆင်း ဝဲ/ယာတွင် အမှိုက်နှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်း ၍ မြေယာရှုခင်းများ ပြုပြင်ရန်မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် ကျောက် တံတားမြို့နယ် မဟာဗန္ဓုလလမ်း ရန်ကုန်မြို့တော် ခန်းမအတွင်း အလျား ပေ ၇၀၊ အနံ ၃၃ ပေ၊ အနက် ခုနစ်ပေရှိ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်