အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်


 

နေပြည်တော်   ဒီဇင်ဘာ   ၂၇
အမျိုးသမီးတစ်ဦးကို  တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့်  အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ်   ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် ဟိုပန်မြို့နယ် စံပြကျေးရွာနေ ဒေါ်မေးဟိတ်က ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်နေ ချွေးမဖြစ်သူ မ xxx  ၂၁ နှစ်ကို တရုတ်လူမျိုးတစ်ဦးထံမှ ယွမ်  ၃၀၀၀၀ ချေးယူထားသဖြင့် အလုပ် လုပ်၍ဆပ်ပေးရန် ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင် ရောင်းစားခဲ့သဖြင့် ကွမ်းလုံမြို့မရဲစခန်း(ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုး ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်တွင် တရားခံ  ဒေါ်မေးဟိတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ  အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်   အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။                                                    သတင်းစဉ်