
နေပြည်တော် ဒီဇင်ဘာ ၂၇
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့အနေဖြင့် တပ်မတော်ဆေး သုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါလုပ်ငန်းစဉ်အရ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြန်လည်ရောက်ရှိ လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများထံမှ ဓာတ်ခွဲ နမူနာ (၂၀)ခုအား ရယူ၍ (၂၇-၁၂-၂၀၂၁) ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနတွင် SARS-CoV-2 Variant Omicron Real Time PCR Testing နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မတွေ့ရှိရကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။ ကျန်းမာရေးဝန်ကြီးဌာန