
နေပြည်တော် ဒီဇင်ဘာ ၂၇
အားကစားနှင့် ကာယပညာဦးစီး ဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပ ရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေမှူးချုပ် များ၊ သင်တန်းသား သင်တန်း သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယ ဝန်ကြီးက ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင် နေသည့် ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်စေရန် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ ဘတ်ဂျက်ရေးဆွဲရာတွင် အခြေခံရမည့် အချက်အလက်များ ကို သိရှိနားလည်ပြီး ဘတ်ဂျက် ကျော်လွန်သုံးစွဲမှု မဖြစ်စေရေးနှင့် အလွဲသုံးစားမှုများ မဖြစ်ပေါ်စေ ရေးအတွက် တာဝန်ရှိသူ အဆင့် ဆင့်ကလည်း အထူးကြပ်မတ် ဆောင်ရွက်သွားရန် မှာကြားလို ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ဘဏ္ဍာ ရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ တစ်လကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ၂၀၂၂ ခုနှစ် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပလျက်ရှိသော ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲယှဉ်ပြိုင်နေမှု များနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)ရုံ၌ ကျင်းပလျက်ရှိသော ပိုက် ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်