လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ကြစို့

Type
၅

 

မောင်ယဉ်ဦး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသည် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိသည်။‌ ရွေးကောက်ပွဲဥပဒေတွင်   အသက်  ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း  မဲပေးခွင့်ရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမှသာ  မဲပေးခွင့်ရှိသည်။ သို့သော်    ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘဲ လူဦးရေသုံးသန်းကျော် ဆန္ဒမဲပေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 


ဥပဒေအတိုင်းဖြစ်စေရန်လမ်းညွှန်


ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင်   မဲပေးခွင့်ရှိသူ   နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေး  ဦးစားပေးဆောင်ရွက်သွား မည့် ပန်းခင်းစီမံချက်ကို   နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လမ်းညွှန်ခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြသေးသည့်  ပြည်သူများသည်             အကြောင်းအမျိုးမျိုးကြောင့်    နိုင်ငံသားစိစစ်ရေးကတ်ပြား     မပြုလုပ်ခဲ့ကြသည့် အတွက် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနိုင်ရုံမက     နိုင်ငံမဲ့အနေအထားမျိုး     ရောက်ရှိနိုင်ကြောင်းကို    သတိပြုမိကြရန်လည်း အရေးကြီးသည်။

 


ပန်းခင်းစီမံချက်


ပန်းခင်းစီမံချက်ဟူသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသော  တိုင်းရင်းသားများနှင့်    ဥပဒေအရ
နိုင်ငံသားများအား ဥပဒေနှင့်အညီ   အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းဖြစ်သည်။

 


ရပ်ရွာများတွင် အတည်တကျ နေထိုင်ကြသူများ သည် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ကြရမည် ဖြစ်ပြီး    ခေတ္တ   ရွှေ့ပြောင်းနေထိုင်လျှင်လည်း ဧည့်စာရင်းတိုင်ကြားရမည်မှာ     နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ လူဦးရေနှင့်  အိမ်ထောင်စုလူဦးရေ စာရင်း(သန်းခေါင်စာရင်း)သည်     နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို သိရှိနိုင်ရန်    အရေးကြီး သည့်လုပ်ငန်းဖြစ်သည်။     အိမ်ထောင်စုလူဦးရေ စာရင်းဟူသည် မြို့နယ်တစ်ခုအတွင်း  လိပ်စာတစ်ခု ရှိ  နေအိမ်အဆောက်အဦတစ်ခုတွင် အတည်တကျ နေထိုင်ကြောင်း   မှတ်ပုံတင်စာရင်း      ရေးသွင်းပြီး မြို့နယ်လဝကရုံးမှ ထုတ်ပေးထားသည့် မိသားစုဝင် များ၏ လူဦးရေစာရင်းဖြစ်သည်။

 


ပြည်သူများအတွက်လည်း အရေးကြီး


အိမ်ထောင်စုလူဦးရေစာရင်းနှင့်    နိုင်ငံသား စိစစ်ရေးကတ်ပြား/ ကိုင်ဆောင်ခွင့်ရ အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုးသည်   နိုင်ငံတော်အတွက် သာမက    နိုင်ငံသူ နိုင်ငံသား   ပြည်သူများအတွက် လည်း   လွန်စွာအရေးပါသည်။    အလုပ်အကိုင် လုပ်ကိုင်ရာတွင်လည်းကောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားလာရာတွင်လည်းကောင်း နိုင်ငံသားစိစစ် ရေးကတ်ပြား/   အသိအမှတ်ပြု   ကိုင်ဆောင်ခွင့်ရ ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့သည် မဖြစ်မနေ လိုအပ်သည့်အရာများဖြစ်သည်။   နိုင်ငံ သားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် လွန်စွာအရေးကြီးကြောင်း သိထားကြရမည်လည်း ဖြစ်သည်။

 

ပန်းခင်းစီမံချက်ကာလ

လူဝင်မှုကြီးကြပ်ရေးနှင့်      ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ပန်းခင်းစီမံချက်ဖြင့်   အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးကာလကို    တစ်နှစ်ခွဲကြာ (၃-၅-၂၀၂၁ မှ ၃-၁၀-၂၀၂၂ အထိ)ဆောင်ရွက်ပေး မည်ဖြစ်သည်။
ဆောင်ရွက်မည့်လုပ်ငန်း(၄)ရပ်
၁။  လက်ရှိအရပ်ဒေသတွင်    အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း     ကိုင်ဆောင်လက်မှတ်  မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း။
၂။    လက်ရှိအရပ်ဒေသတွင်  အမြဲတမ်းနေထိုင် ပြီး အိမ်ထောင်စုလူဦးရေစာရင်းလည်း မရှိ၊ ကိုင်ဆောင်လက်မှတ်လည်း မရှိသူများအား ဆောင်ရွက်ပေးခြင်း။
၃။    ရွှေ့ပြောင်းနေထိုင်ကြသူများအတွက် မူလ နေထိုင်ခဲ့ရာ အရပ်ဒေသတွင်   အိမ်ထောင်စု လူဦးရေစာရင်း   ရှိသော်လည်း      လက်ရှိ နေထိုင်ရာအရပ်ဒေသတွင်         ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်း။
၄။    ရွှေ့ပြောင်းနေထိုင်ကြသူများအတွက် မူလ နေထိုင်ရာ   အရပ်ဒေသတွင်လည်း   အိမ် ထောင်စုလူဦးရေစာရင်းနှင့်   ကိုင်ဆောင် လက်မှတ်မရှိ၊   လက်ရှိနေထိုင်ရာ   အရပ် ဒေသတွင်လည်း    အိမ်ထောင်စုလူဦးရေ စာရင်းနှင့်   ကိုင်ဆောင်လက်မှတ်    မရှိသူ များအား ဆောင်ရွက်ပေးခြင်း။

 

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
ရာအိမ်မှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများ

၁။    ရပ်ကွက်/ကျေးရွာအလိုက် စာရင်းပြုစုခြင်း
    (က)    အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ် 
            ကြား လူဦးရေနှင့် အသက် ၁၈ နှစ် အထက် လူဦးရေတို့၏  တစ်ဦးချင်းစီ အမည်စာရင်းကို  လဝက   ဝန်ထမ်း များနှင့် ညှိနှိုင်းစိစစ်ပြုစုခြင်း။
    (ခ)    ရွှေ့ပြောင်း         နေထိုင်သူများအား မြို့နယ် လဝက   ဝန်ထမ်းများနှင့် ညှိနှိုင်း၍  စာရင်းကောက်ယူပြုစုခြင်း။
    (ဂ)    ရပ်ကွက်/ ကျေးရွာအုပ်ချုပ်စု အုပ်ချုပ် ရေးမှူးများက အမှန်တကယ် နေထိုင် မှု ရှိ မရှိ၊   လူကျန်ခြင်း ရှိ မရှိ   စိစစ် ဖြည့်စွက်ပြီး    မြို့နယ်   လဝကရုံးသို့ ပြန်ကြားခြင်း။

 

၂။  ပြည်သူများထံအကြောင်းကြား၍     ရုံးသို့
    စေလွှတ်ခြင်း
    (က)    မြို့နယ် လဝကရုံးများမှ  ဆောင်ရွက် ပေးနိုင်မည့် ဦးရေနှင့် အမည်စာရင်းကို အုပ်ချုပ်ရေးမှူးများထံ ပေးပို့လာပါက     နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် မည့်သူများအား    အကြောင်းကြား  စုစည်း၍ မြို့နယ်လဝကရုံးသို့ စေလွှတ် ပေးခြင်း။
    (ခ)    အိမ်ထောင်စု     လူဦးရေစာရင်းကို လက်ရှိဒေသသို့   မပြောင်းရွှေ့လိုသူ များအား လူကိုယ်တိုင်  အိမ်ထောင်စု လူဦးရေစာရင်းရှိရာ   မူလဒေသသို့ သွားရောက်၍  ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ပြုလုပ်စေရန် အကြောင်းကြားခြင်းများ ဆောင်ရွက် ကြရမည်ဖြစ်သည်။

 


(၅)ဦးကော်မတီ 


အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်ရာ တွင်  စစ်ဆေးအတည်ပြုသည့်    (၅)ဦးကော်မတီအား အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်-


    (က)    မြို့နယ် လဝက ဦးစီးမှူး
    (ခ)  မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
    (ဂ)    မြို့နယ်ရဲတပ်ဖွဲ့မှ      ကိုယ်စားလှယ် တစ်ဦး
    (ဃ)    မြို့နယ်       ကျန်းမာရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
    (င)    ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး 

 


အိမ်ထောင်စုလူဦးရေစာရင်း  လျှောက်ထားရာတွင် 


၁။    အိမ်ထောင်ဦးစီး(ဝန်ခံချက်/လျှောက်လွှာ)
၂။    မူလနေရပ်တွင် အိမ်ထောင်စုစာရင်းရှိပါက
    (မူရင်း)
၃။    မိသားစုဝင်များ၏ ကိုင်ဆောင်လက်မှတ်
    (မိတ္တူ/မူရင်း)
၄။    အိမ်ပိုင်ဆိုင်မှု(သို့) အိမ်ငှားစာချုပ် (မိတ္တူ/မူရင်း)
၅။    ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး   ထောက်ခံချက်  စသည့် အထောက်အထားများ လိုအပ်သည်။

 


အိမ်ထောင်စုလူဦးရေစာရင်း စိစစ်အတည်ပြု 
ထုတ်ပေးခြင်း


၁။    ယခင်ထုတ်ပေးထားသည့်      (ယာယီ/ရွှေ့ပြောင်း/E)ဟူသော   တံဆိပ်တုံးဖြင့် ယာယီအိမ်ထောင်စု   လူဦးရေစာရင်းများ ကို  (၅)ဦးကော်မတီဖြင့်  စိစစ်လက်မှတ် ရေးထိုးပြီး အမှတ်အသားပါ တံဆိပ်ရိုက်နှိပ် ထုတ်ပေးမည်။
၂။    အိမ်ထောင်စုလူဦးရေစာရင်း    လုံးဝမရှိသေး သည့်     နိုင်ငံသားများအတွက်    (၅)ဦး ကော်မတီဖြင့်စိစစ်၍   အမှတ်အသားပါသည့် တရားဝင်      အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးမည်။
၃။    အမှတ်အသားပါ အိမ်ထောင်စုစာရင်းများကို အမြဲတမ်း    အထောက်အထားများအဖြစ် အသုံးပြုရမည်။
၄။ တရားဝင်အိမ်ထောင်စုစာရင်း   ရရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြား   ဆောင်ရွက် ပေးမည်။
အိမ်ထောင်စုလူဦးရေစာရင်းအတွက် 
လိုက်နာရမည့်အချက်များ
၁။    မိမိလက်ဝယ်ရှိ   အိမ်ထောင်စုလူဦးရေ စာရင်းတွင်  မိမိသဘောဖြင့်  တရားမဝင် ပြင်ခြင်း၊ ဖျက်ခြင်း၊ ရေးသွင်းခြင်း မပြုလုပ်ရ။ 
၂။    မိမိသဘောဆန္ဒအလျောက်       လူဦးရေ တိုးခြင်း/လျှော့ခြင်း မပြုလုပ်ရ။
၃။ ကလေးမွေးဖွားလျှင်     မိမိသဘောဖြင့် ကလေးအမည်ထည့်သွင်းခြင်း မပြုလုပ်ရ။
၄။ မိမိအိမ်ထောင်စုမှ   တစ်ဦးတစ်ယောက် သေဆုံးခဲ့သော်    မိမိသဘောအလျောက် ပယ်ဖျက်ခြင်းမပြုလုပ်ရ။
၅။    အချက်အလက်များ    ပြင်ဆင်ဖြည့်စွက် လိုပါက သက်ဆိုင်ရာ      မြို့နယ်လဝကရုံးသို့ အိမ်ထောင်ဦးစီးကိုယ်တိုင်   လာရောက် လျှောက်ထားရမည်။
၆။    အိမ်ထောင်စုလူဦးရေစာရင်းကို   လိပ်စာ တစ်ခုထက်ပို၍     ရယူကိုင်ဆောင်ထား ကြောင်းတွေ့ရှိပါက  ဥပဒေနှင့်အညီ အရေး ယူခြင်းခံရမည်။

 


(လဝကမှထုတ်ပေးထားသည့်    အိမ်ထောင်စု
လူဦးရေစာရင်း  စာရွက်ပေါ်တွင် မိမိတို့ သဘော
ဖြင့် ပြင်ဆင်/ ဖြည့်စွက် ရေးသွင်းခြင်း  မပြုလုပ်
ရ။)                          


           (အိမ်ထောင်စုလူဦးရေစာရင်းသည်   ၁၉၄၉ ခုနှစ် ပြည်ထောင်စု     မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး  အက်ဥပဒေ အရ   ထုတ်ပေးထားခြင်းဖြစ်၍    မြေ/အဆောက်အဦ၊ အိမ်ခန်း ပိုင်ဆိုင်ခွင့်နှင့် လုံးဝမသက်ဆိုင်စေရ။)


နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်း


နိုင်ငံသားစိစစ်ရေးကတ်ပြားကို  မြို့နယ်လဝက ရုံးသို့ လာရောက်လျှောက်ထားကြသူ ပြည်သူများ အနေဖြင့်-


၁။    ကာယကံရှင်ကိုယ်တိုင်         လာရောက် လျှောက်ထားရမည်။
၂။    အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနှင့်မိတ္တူ ပါရှိရမည်။
၃။    မိဘနှစ်ပါး၏ နိုင်ငံသား/အမျိုးသားမှတ်ပုံ တင်လက်မှတ်မိတ္တူ ပါရှိရမည်။
၄။    အသက်အတွက်   ကျောင်းထောက်ခံချက် (သို့မဟုတ်)မွေးစာရင်း မူရင်းနှင့် မိတ္တူ ပါရှိ ရမည်။
၅။    (၀.၈ x ၀.၈)လက်မအရွယ်    ဓာတ်ပုံငါးပုံ ပါရှိရမည်။
၆။    ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
၇။    ကာယကံရှင်၏ သွေးအုပ်စုသတ်မှတ်ချက် (သွေးအမျိုးအစား)
၈။    မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ ပါရှိရမည်။ 
     

 

(၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ- ၁၈ အရ   နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန် ဖော်ပြခြင်း    (သို့မဟုတ်)      ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို     ရရှိပါက   နိုင်ငံသား အဖြစ်မှ     ရုပ်သိမ်းခြင်းခံရမည့်   အပြင် ထောင်ဒဏ် ၁၀ နှစ်နှင့်    ငွေဒဏ်    ကျပ် ငါးသောင်းကို ကျခံရမည်။)

 


နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ 
လိုက်နာရမည့် အချက်များ


၁။    မိမိကိုင်ဆောင်သည့်     နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါ်တွင် တရားမဝင် ပြင်ဆင်ခြင်း၊ ဖျက်ခြင်း၊ ရေးသွင်းခြင်း မပြုရ။
၂။     မိမိကိုင်ဆောင်သည့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါ်တွင်  ဓာတ်ပုံပျက်စီး/  မထင် မရှားဖြစ်ပါက   မိမိသဘောဖြင့်  ဓာတ်ပုံ လဲခြင်း၊ ကပ်ခြင်း မပြုလုပ်ရ။
၃။    မိမိကိုင်ဆောင်သည့်    နိုင်ငံသားစိစစ်ရေး ကတ်ပြားကို  အခြားတစ်ဦးဦးထံ  လွှဲပြောင်း ပေးအပ်ကိုင်ဆောင်စေခြင်း မပြုလုပ်ရ။
၄။    အခြားသူတစ်ဦး၏     နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ကောက်ရ/  တွေ့ရှိပါက သက် ဆိုင်ရာ   မြို့နယ်လဝကရုံးသို့   သွားရောက် အပ်နှံရမည်။
၅။ မိမိနေအိမ်မှ   မြို့နယ်ကျော်ခရီးသွားလျှင် မိမိ၏       နိုင်ငံသားစိစစ်ရေးကတ်ပြားကို တစ်ပါတည်း ယူဆောင်သွားရမည်။
၆။    မိမိကိုင်ဆောင်သည့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားပျောက်ဆုံးလျှင် နီးစပ်ရာ ရဲစခန်း သို့ တိုင်ကြားရမည်။
၇။  လူတစ်ဦးတည်း      နံပါတ်တစ်ခုထက်ပို၍ နိုင်ငံသားစိစစ်ရေးကတ်ပြား    လျှောက်ထား ကိုင်ဆောင်ကြောင်း   တွေ့ရှိပါက    ဥပဒေ နှင့်အညီ အရေးယူခြင်းခံရမည်။

 


ပြည်သူများလည်း ပူးပေါင်းပါဝင်


လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ     အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်  ကတ်ပြားတစ်မျိုးမျိုး  ထုတ် ပေးနိုင်ရေးအတွက်   ပန်းခင်းဟူသော စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများကလည်း နိုင်ငံသားစိစစ်ရေးကတ်/အသိ အမှတ်ပြု ကိုင်ဆောင်ခွင့်ရကတ်ပြား ရရှိကိုင်ဆောင် နိုင်ရန်   ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။  

 

 
နိုင်ငံသားစိစစ်ရေးကတ်ပြား/  အသိအမှတ်ပြု       ကိုင်ဆောင်ခွင့်ရကတ်ပြားသည်  လူတစ်ဦးစီတိုင်း၏  လူမှုဘဝတွင်     လွန်စွာ  အရေးပါ အသုံးဝင်သည့် အတွက်   “လူမှုဘဝပြည့်စုံဖို့    နိုင်ငံသားကတ်ကို  ကိုင်ကြစို့”ဟူသော  ပန်းခင်းစီမံချက်၏ ရည်မှန်းချက် အောင်မြင်စေရန် ပြည်သူများကလည်း ပူးပေါင်း ပါဝင်     ဆောင်ရွက်ကြပါစို့ဟု     တိုက်တွန်းလိုက်ရ ပါသည်။      ။