(၇၄) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၄


(၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  သန်လျင်တပ်နယ်ရှိ  ရေတပ်လေ့ကျင့်ရေးဌာနချုပ်  စစ်ရေးပြကွင်း၌ ကျင်းပသည်။

 


အခမ်းအနားသို့   ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင်မိုးအောင်၊        စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး   ဇွဲဝင်းမြင့်၊   ရေတပ်စခန်းဌာနချုပ်မှူးများနှင့်  သန်လျင်တပ်နယ် မှ အရာရှိကြီးများ တက်ရောက်ကြသည်။

 


ဦးစွာ စစ်ရေးပြအခမ်းအနားကို     အစီအစဉ် အတိုင်း ကျင်းပပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ အလေး ပြုခြင်းကိုခံယူပြီး စစ်ရေး ပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

 


ထို့အတူ   (၇၄)နှစ်မြောက်  တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း    အခမ်း အနားကို သန်လျင်တပ်နယ် မဟာနာဝါနီက ဇယ မင်္ဂလာဗိမာန်တော်၌ကျင်းပရာ သန်လျင်မြို့   မြို့ဦး စက်ပစ်ကွင်းကျောင်း    ပဓာနနာယက ဆရာတော်  ဘဒ္ဒန္တတေဇအမှူးပြု သော   သံဃာတော်အရှင်သူမြတ် များ  ကြွရောက်ချီးမြှင့်တော်မူကြပြီး     ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး ဒေါ်အေး ခိုင်ညွန့်၊  စစ်ဦးစီးအရာရှိချုပ်(ရေ)  ဒုတိယဗိုလ်ချုပ် ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊   ရေတပ်စခန်းဌာနချုပ်မှူး များနှင့် ဇနီးများ၊ သန်လျင်တပ်နယ်မှ    အရာရှိကြီး များ တက်ရောက်ကြသည်။

 


အစီအစဉ်အရ  ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်  ဇနီး၊   အခမ်းအနား   တက်ရောက်လာကြသူများ သည်   မြို့ဦးစက်ပစ်ကွင်းကျောင်း        ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ  ဆောက်တည်ကြ ပြီး သံဃာတော်အရှင်သူမြတ်များ  ရွတ်ပွားချီးမြှင့် တော်မူကြသည့်         မေတ္တသုတ် ပရိတ်တရားတော်များ နာယူကြသည်။  ထို့နောက် သံဃာတော်များအား      လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

 


ယင်းနောက်      မြို့ဦးစက်ပစ်ကွင်းကျောင်း               ပဓာနနာယက ဆရာတော်ထံမှ   အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကြကာ   သံဃာတော်အရှင်သူမြတ်များ အား     အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

         
သတင်းစဉ်