ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတစ်ရပ်၏ပြယုဂ်- ခေါင်းဆောင်မှု အရင်းအမြစ်တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲကျင်းပ

နေပြည်တော်  ဒီဇင်ဘာ ၂၃


ပြည်ထောင်စုရာထူးဝန်အဖွဲ့ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့်  ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အရာထမ်း၊  အမှုထမ်းများဖြင့် ဆောင်ရွက်ခဲ့သော  "ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှု အရင်းအမြစ်တည်ဆောက် ခြင်း"  ဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်း အနားကို ယနေ့ညနေ ၄ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  ထုတ်ပြန်ထားရှိသော  စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရုံးအမှတ် (၁၇)    စုပေါင်းခန်းမ၌ကျင်းပရာ   ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ ဆုရရှိသူများ အား ဆုချီးမြှင့်ပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။


အဆိုပါ  ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင်များဖြစ်သော ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုး မြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဒီဇင်ဘာ ၂၁ ရက် မှ ၂၃  ရက်အထိဖြစ်ပြီး သတ်မှတ်ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အုပ်စုအလိုက်ခွဲ၍ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ် များကို ပြန်လည်တင်ပြခြင်း၊             ရလဒ်များသုံးသပ်ဖော်ထုတ်ခြင်း၊ အကောင်းဆုံးဆွေးနွေးတင်ပြသူများ၊    အကောင်းဆုံးပါဝင် ဆွေးနွေးသူများနှင့် အကောင်းဆုံးအုပ်စုအလိုက် ဆွေးနွေးတင်ပြ သည့်အုပ်စုအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်