ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


ဒီဇင်ဘာလ ၂၅ ရက် စနေနေ့တွင် ထွက်ရှိမည့် သဒ္ဓါတရားအလွန်ထက်သန်သော သူဆင်းရဲမလေးမစံ ပယ်အကြောင်း သရုပ်ဖော်ထားသည့် “သဒ္ဓါစိတ်” မျက်နှာဖုံးကာတွန်း၊ ဆောင်းဥတုအချိန်လေ့လာမှတ်သားဖွယ်ရာများကို တင်ဆက်ထားသည့် “ဆောင်းဥတု၏ အအေးဆုံးအပူချိန်” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ပါဝင်သရုပ်ဖော်ထားသည့် ကာတွန်းလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ အိမ်သန့်ရှင်း ရေးကို  ကိုယ်တိုင်လုပ်ကာ ကိုယ်တိုင်ထမင်းချက်တတ်သည်ဆိုသော ဂူးဂူးအကြောင်း သရုပ်ဖော်ထားသည့် ဖြိုးရဲနှင့် ဂူးဂူး နှစ်မျက်နှာကာတွန်း၊ မိဘအပေါ် ကိုယ်ချင်းစာနာ စိတ်ဖြင့် ပြုမူလိုက်သည့် မိမိ၏အပြုအမူကို ပြန်တွေးမိတိုင်း လွန်စွာကျေနပ်အားရဖြစ် နေသော လွှမ်းမိုးအောင် အကြောင်းရေးဖွဲ့ထားသည့် “စာနာနားလည်စိတ်” ဝတ္ထုကဏ္ဍ၊ အဘွားကိုကြောက်သော    ကီးကီနှင့်   အဘွားကို  မကြောက်သောဘိုးဘိုးတို့အကြောင်း သရုပ်ဖော်ထားသည့် “ကီးကီနှင့် ဘိုးဘိုး” တစ်မျက်နှာကာတွန်း၊ နဂါးတစ်ကောင်နှင့် အချစ်ဆုံးသူငယ်ချင်းဖြစ်နေသော နတ်သမီးလေးအကြောင်း ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ် စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်သည်။              

သတင်းစဉ်