တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဒီဇင်ဘာ  ၂၃

 


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊    မသန်စွမ်းသူ များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊  နာတာရှည်ရောဂါအခံ ရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊    ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ     ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက် တန်းအဆင့်        ကျောင်းသား ကျောင်းသူများ    စသည့်ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော် မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊    သူနာပြု များ၊  ကျန်းမာရေးဝန်ထမ်းများ နှင့်      စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို     ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်    (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၂ နယ်တို့၌ ဒေသခံပြည်သူ   ၁၂၀၃၄  ဦး၊ ရှမ်း ပြည်နယ်   (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ဒေသခံ ပြည်သူ ၆၅၇၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၄၉၄ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီး ပုလောမြို့နယ်နှင့် မြိတ်မြို့ နယ်တို့၌ ဒေသခံပြည်သူ ၃၅၅၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်လေးမြို့နယ်၌ ဒေသခံ ပြည်သူ ၃၅၅၀ ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌    ဒေသခံပြည်သူ ၃၄၄၅၀ ၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်     ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၆၂၀ ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၇၆၂၀နှင့် ပဲခူးတိုင်းဒေသကြီး  အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌    ဒေသခံ   ပြည်သူ ၁၀၃၅ ဦးတို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး       ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍   ကိုဗစ်-၁၉  ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးနိုင်ခဲ့သည်။ 

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ      ဒီဇင်ဘာ ၂၂ ရက်နှင့်   ယနေ့တို့တွင်  ရှမ်း ပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌   ကျောင်း သား  ကျောင်းသူ ၁၇၉၂  ဦး၊  ရှမ်း ပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၉၀၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌        ကျောင်းသား ကျောင်းသူ  ၅၆၃  ဦး၊  စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့၌ ကျောင်း သား   ကျောင်းသူ  ၁၆  ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ        ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့    ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ     တာဝန်ရှိသူများက သွားရောက်ကြည့်ရှု  အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်