မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ    ၂၃


ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပသည့်  မိုဘိုင်းဖုန်းပြုပြင်နည်း သင်တန်းနှင့်   အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ  အခမ်းအနားကို  ယနေ့နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယညွှန်ကြား ရေးမှူးချုပ်   ဒေါက်တာဒေါ်သီတာတင်က   ယခု သင်တန်းများသည်   နည်းပညာဆိုင်ရာ သင်တန်း များဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် ဆက်လက် လေ့လာကြိုးစားကြရန်လိုကြောင်း၊   သင်တန်းသူ သင်တန်းသားများအနေဖြင့်   ဌာနက သင်ကြားပေး လိုက်သည့်    အသိပညာ၊   အတတ်ပညာများကို ဆတက်ထမ်းပိုး      တိုးတက်တတ်မြောက်အောင် လေ့လာသင်ယူပြီး  ဌာနအကျိုးနှင့်  ပြည်သူ့အကျိုး အတွက်         ပြန်လည်မျှဝေသင်ကြားပေးကြစေ လိုကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။

 


ထိုနောက်       ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာတင်က   အခြေခံကွန်ပျူတာသင်တန်းဆင်းလက်မှတ်များကို        လည်းကောင်း၊ ညွှန်ကြားရေးမှူး(ပြန်/ဆက်) ဦးကျော်ဆင့်က မိုဘိုင်း ဖုန်းပြုပြင်နည်း      သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း   ပေးအပ်ချီးမြှင့်ကြပြီး   အခြေခံ ကွန်ပျူတာသင်တန်းနှင့်      မိုဘုန်းဖုန်းပြုပြင်နည်း သင်တန်းများ        ဖွင့်လှစ်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)