
မန္တလေး ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်က အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာ စံပြကွက်မိုးစပါးဧက ၁၀၀ တွင် တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ရိတ်သိမ်းခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က တောင်သူများ နှင့် တွေ့ဆုံရာတွင် နိုင်ငံတော် ဝန်ကြီးချုပ်က စိုက်ပျိုးရေးကဏ္ဍ နှင့် တောင်သူများကို ဦးစားပေး ပံ့ပိုးကူညီပေးရန် လမ်းညွှန် မှာကြားထားပါကြောင်း၊ စိုက်ပျိုး ရေးဆောင်ရွက်နေမှုများကို မြေပြင် ကွင်းဆင်းကြည့်ရှုပြီး စိုက်ပျိုး တောင်သူများ၏ လိုအပ်သည်များ ကို ကူညီပေးနိုင်ရန် လာရောက် ခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆန်စပါးဖူလုံမှု သည် ၅၈ ဒသမ ၁၈ ရာခိုင်နှုန်းရှိပြီး ကျန်သီးနှံထွက်ရှိမှုနှုန်းမှာ ရာနှုန်း ပြည့်ကျော် ထွက်ရှိကြောင်း၊ ဆန် စပါး ၁၀၀ ရာခိုင်နှုန်း ဖူလုံရေး အတွက် စိုက်ပျိုးနေသည့် လယ် ယာမြေများ တစ်ဆင့်ပြီးတစ်ဆင့် အထွက်နှုန်း ပိုမိုကောင်မွန်ရန် အတွက် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ တောင်သူ များအနေဖြင့်လည်း စိုက်ပျိုးရေး ဦးစီးဌာနရှိ အသိပညာရှင်၊ အတတ် ပညာရှင်များ၏ လက်တွေ့သရုပ် ပြ စိုက်ပျိုးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ရေမြေအနေအထားပေါ် မူတည်၍ မျိုးကောင်းမျိုးသန့်ရရှိမှု၊ မှန်ကန်သည့် စိုက်ပျိုးနည်းစနစ် နှင့် မြေဩဇာများသုံးစွဲရန်လိုအပ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် မင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ များကို တောင်သူများထံသို့ ပေးအပ်ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်းကျင်း ပြသထားသော စပါးမျိုးစေ့များနှင့် စပါးနှံများအား ကြည့်ရှုပြီးနောက် တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်ထွက်ရှိသည့် စံပြကွက် မိုးစပါးဧက ၁၀၀ စိုက်ကွင်း အတွင်း ကောက်ရိတ်စက်ကြီးဖြင့် မိုးစပါး ရိတ်သိမ်းနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မြန်မာ့အလင်း