၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြသရောင်းချပွဲ အောင်မြင်စွာကျင်းပပြီးစီး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၂


၂၀၂၁  ခုနှစ်    ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ     ပြသ ရောင်းချပွဲကို    နေပြည်တော်ရှိ မဏိရတနာ   ကျောက်စိမ်းခန်းမ ၌      ကိုဗစ် - ၁၉       ကာကွယ် ရေး    လမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကျင်းပ လာခဲ့ရာယနေ့တွင် ပြပွဲအောင်မြင် စွာ ကျင်းပပြီးစီးခဲ့သည်။

 


ယနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် (၅၀၁)မှ   (၇၈၀) အထိ ကျောက်စိမ်းအတွဲ  ၂၈၀ ကိုတင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ   အတွဲ ပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့သည်။

 


ယခုပြပွဲအတွင်း   ပုလဲအတွဲ ၃၃၀   နှင့်     ကျောက်စိမ်းအတွဲ ၇၈၀ ကို    ပြသရောင်းချပေးခဲ့ရာ ပြည်တွင်း/ ပြည်ပ       ရတနာ ကုန်သည်များသည်     ပြသထား သည့်  ပုလဲအတွဲများနှင့် ကျောက် စိမ်းအတွဲများကို   လွတ်လပ်စွာ လေ့လာကြည့်ရှုခဲ့ကြပြီး  ပုလဲအတွဲပေါင်း   ၃၃ဝ  နှင့်  ကျောက်စိမ်း အတွဲပေါင်း  ၆၂၂ တွဲ ကို    ရောင်းချပေးနိုင်ခဲ့ကြောင်း     ပြပွဲ    ဗဟိုကော်မတီထံမှ   သိရ သည်။  

 

     
 မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်က စတင် ကျင်းပလာခဲ့ရာ နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာ ကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီး ယခုကျင်းပ သည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည် နိုင်ငံခြားငွေဖြင့်   ရောင်းချသည့် ၉၆  ပွဲမြောက်ဖြစ်ကြောင်း    သိရ သည်။                        

သတင်းစဉ်