ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို မျက်ခြည်မပြတ် ဆန်းစစ်လေ့လာပြင်ဆင်ရန်လို

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ  ၂၂ 


အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေး နှင့်   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ    အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ၊       ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  တက်ရောက်အမှာစကား  ပြော ကြားသည်။

 


အစည်းအဝေးသို့ အမျိုးသား သဘာဝ   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်  ပြည်ထောင်စုဝန်ကြီးများနှင့်   တာဝန်ရှိသူများ တက်ရောက်ကြပြီး   နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့်   တာဝန်ရှိသူ များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊    ဒုတိယဝန်ကြီးချုပ်က   ယနေ့အစည်းအဝေး တွင်     လာနီညာဖြစ်စဉ်၏     နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ    ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စ၊ နွေရာသီအပူချိန်မြင့်တက် ပြင်းထန်မှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးကိစ္စ၊ မိုးကြိုကာလလေပြင်းမုန်တိုင်း ကျရောက် နိုင်မှုအပေါ်    ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍   ဒုတိယအကြိမ်  ဆွေးနွေး ညှိနှိုင်းရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရ အဖွဲ့များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း။

 


ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုများနှင့်အတူ သဘာ၀ဘေးအန္တရာယ် ဖြစ်ပွားမှု ပိုမိုများပြားလာခြင်း၊ ပိုမိုအင်အားပြင်း ထန်လာခြင်းတို့သည်  ထူးခြားဖြစ်စဉ်များ  မဟုတ် တော့ဘဲ ကမ္ဘာပေါ်တွင် ပုံမှန်ဖြစ်ပေါ်ခံစားလာရသည့်   သဘာဝဘေးအန္တရာယ်များ    ဖြစ်လာနေသည်ကို မြင်တွေ့သိရှိရကြောင်း။

 


နည်းလမ်းများ ရှာဖွေအသုံးပြု


ထို့ကြောင့်       သဘာဝဘေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များ၏ ပြုပြင် ပြောင်းလဲလာသော  သဘောသဘာ၀များ၊ ပြင်းထန် အား၊ ဖျက်ဆီးအားများကို မျက်ခြည်မပြတ်လေ့လာပြီး သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေအသုံးပြု ဆောင်ရွက်နေကြ ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်လျှင် အစဉ်အမြဲ နိုးနိုးကြားကြားရှိနေရန်၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး      အဆင်သင့်ဖြစ်နေရန်၊ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများနှင့်  ရေရှည်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးဆောင်ရွက်ရန် လိုအပ်ကြောင်း။ 

 


မိမိတို့နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ပထဝီဝင် အနေအထားနှင့် ယခင်က ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ တစ်နိုင်ငံလုံး ဖြစ်ပွားနိုင်သည့်  သဘာဝဘေးအန္တရာယ်များနှင့်    နေရာဒေသပေါ် မူတည်၍   ဖြစ်ပေါ်နိုင်သည့်  ဘေးအန္တရာယ်များ၊ ရာသီကာလအလိုက် ဖြစ်တတ်သော ဘေးအန္တရာယ် များ၊ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပေါ်လာ နိုင်သော သဘာဝဘေးအန္တရာယ်များကို ခွဲခြားသိရှိ နိုင်ရန် ဒေသအလိုက် မည်သည့်အချိန်တွင် မည်သို့ သော သဘာဝဘေးအန္တရာယ်များ    ဖြစ်ပေါ်လာနိုင် သည် ဆိုသည်ကို  ကြိုတင်မှန်းဆပြီး ကြိုတင်ပြင်ဆင် မှုများနှင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ တုံ့ပြန်ဆောင်ရွက်မှုများအတွက် အမြဲ အဆင်သင့် ဖြစ်နေစေရေး ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

 


လာနီညာအဆင့်သို့ ရောက်ရှိနိုင်


ရာသီကာလအလိုက်      ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အနီးစပ် ဆုံးဖြစ်သည့်   ယခုကာလကို  ကြည့်မည်ဆိုလျှင် ဆောင်းရာသီဖြစ်သည့်အတွက် သဘာဝဘေးဖြစ်ပွား မှု  နည်းပါးနိုင်သည့်   ရာသီကာလဖြစ်သော်လည်း နိုဝင်ဘာ   ၂၀  ရက်က  မိုးလေဝသနှင့်  ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ      လာနီညာအခြေအနေ သတင်းထုတ်ပြန်ချက်များ တွေ့ရှိရမှုနှင့် နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ ဒီဇင် ဘာလတွင် အားအနည်းငယ်မှ  အားအသင့်အတင့် ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ လာနီညာဖြစ်စဉ်သည်  ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ် သည့်  ဖြစ်စဉ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှု အနေဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်နိုင်ခြင်း၊ အရှေ့မြောက်မုတ်သုံလေ   အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင်   ညအပူချိန်များ  လျော့နည်းခြင်း၊ အအေးပိုခြင်း၊   အရှေ့ဘက်မှ   လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊   အချိန်အခါမဟုတ်  မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတု ဖြစ်စဉ်များ   ဖြစ်ပေါ်နိုင်ကြောင်း  ထုတ်ပြန်ထား သည်ကို တွေ့ရှိရကြောင်း။

 


ထို့ကြောင့်   ယခုကာလသည်   သာမန်အားဖြင့် သဘာဝဘေးဖြစ်ပွားနိုင်မှု နည်းပါးနိုင်သည်ဆိုသော် လည်း  လာနီညာဖြစ်ပေါ်နိုင်သော  အခြေအနေပေါ် မူတည်၍  မထင်မှတ်ထားသည့်   ဘေးအန္တရာယ် များလည်း   ဖြစ်ပေါ်နိုင်သည့်အတွက်  လာနီညာ ဖြစ်ပေါ်နိုင်သည့် အနေအထားနှင့် ဆက်စပ်ဖြစ်ပေါ် လာနိုင်သော        သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍  စဉ်ဆက်မပြတ်   လေ့လာဆန်းစစ်ရန်၊ ကြိုတင်ခန့်မှန်းချက်များ၊         သတိပေးချက်များ ကြိုတင်ထုတ်ပြန်ဆောင်ရွက်ကြရန်     ပြောကြား လိုကြောင်း။

 


ပူးပေါင်းညှိနှိုင်းဆောင်ရွက်


အလားတူ  ဆောင်းရာသီကာလသည်  အပူချိန် လျော့နည်းသော်လည်း   ခြောက်သွေ့သော   အနေ အထားမျိုးဖြစ်သည့်အတွက်   မီးဘေးအန္တရာယ်ကို လည်း သတိပြုရမည့်ကာလဖြစ်ကြောင်း၊ နွေရာသီ နှင့်လည်း  ဆက်စပ်သွားမည်  ဖြစ်သည့်အတွက် ယခုအချိန်ကာလတွင်   မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်သည် အိုးအိမ်၊ ပစ္စည်းဥစ္စာဆုံးရှုံးမှု   ကြီးမားသည့်  ဘေးအန္တရာယ် တစ်ခုဖြစ်ပြီး ပြည်သူလူထုအတွက်  ဆုံးရှုံးနစ်နာမှု   ပိုမိုများပြားသည်ကို       တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   မီးဘေးအန္တရာယ်နှင့်  ပတ်သက်ပြီး ပြည်သူလူထုအသိပညာပေးမှုများ၊   ရပ်ရွာအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး   ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် မီးငြှိမ်းသတ်ရေး ကြိုတင်စုဖွဲ့ ပြင်ဆင်မှုများ၊ ပစ္စည်းကိရိယာ၊ ယာဉ်ယန္တရားစသည် လိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးများ၏ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းများ ပူးပေါင်းညှိနှိုင်း    ဆောင်ရွက်ထားကြရမည်ဖြစ် ကြောင်း။

 


သက်ရောက်မှုပိုမိုများပြား


နွေအကုန်နှင့်     မိုးဦးရာသီကာလများတွင် လေပြင်းတိုက်ခတ်မှုများ၊ ပုံမှန်ဖြစ်ပေါ်နေပြီး ရံဖန် ရံခါတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်ခြင်းနှင့် အတူ   မိုးသီးကြွေမှုများ   ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နှစ်စဉ်လေပြင်းဘေးကြောင့် အိုးအိမ်ပျက်စီးမှုများ အများဆုံးဖြစ်ကာ ပြည်သူလူထု အပေါ် တိုက်ရိုက်ထိခိုက်ပြီး အထူးသဖြင့် နွမ်းပါး သည့်  မိသားစုများအပေါ် သက်ရောက်မှု ပိုမိုများပြား သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေပြင်း ဘေးအန္တရာယ်နှင့်   ပတ်သက်၍လည်း  ကြိုတင် ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုများကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 


အနှစ်ချုပ်ရမည်ဆိုလျှင်    ယခုဆောင်းရာသီ ကာလ၊ နွေရာသီကာလနှင့် မိုးဦးရာသီများတွင် သာမန် အားဖြင့် ဖြစ်ပေါ်တတ်သည့် အအေးလွန်ကဲသော အန္တရာယ်၊ မီးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ် များနှင့် ပတ်သက်၍  သက်ဆိုင်ရာ ကဏ္ဍအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ရန်လိုကြောင်း၊  ထို့ပြင်  ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့်  မထင်မှတ်ဘဲ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို လည်း မျက်ခြည်မပြတ် ဆန်းစစ်လေ့လာပြင်ဆင်ရန် လိုကြောင်း၊ ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်းမရှိဘဲ အချိန် တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ်နိုင်သော  ငလျင်ဘေး အန္တရာယ်ကို   ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက်လည်း အမြဲအဆင်သင့်ဖြစ်နေရန်လိုကြောင်း၊ တာဝန်ရှိသူ အားလုံးအနေဖြင့်  အချိန်တိုင်း သတိ၊ အသိ၊ နိုးကြား မှုနှင့် လှုပ်ရှားဆောင်ရွက်မှုများရှိနေရန် လိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေ ဖြင့်   မိမိတို့၏  လုပ်ငန်းတာဝန်များကို  တစ်ဦးချင်း ဆောင်ရွက်ရမည့်  လုပ်ငန်းအဖွဲ့အစည်းနှင့် ဆောင် ရွက်ရမည့် လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရမည့် ကိစ္စရပ်များကို နှောင့်နှေးကြန့်ကြာမှုများ မရှိစေဘဲ တက်ညီလက်ညီ ပူးပေါင်းညှိနှိုင်းဆောင် ရွက်ကြရန် ပြောကြားလိုကြောင်း။

 


ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါ၀င် 


ထို့ပြင် သဘာ၀ဘေးလျော့နည်းရေးလုပ်ငန်း များကို ပြည်သူလူထုမှအစ အားလုံးနှင့် သက်ဆိုင် သည့်   လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း   နားလည် သဘောပေါက်ပြီး လူမှုရေးအဖွဲ့အစည်းများ၊ ပညာ ရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း ရှင်များအပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါ၀င် လာစေရန်လည်း     စည်းရုံးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။ 

 


မိမိတို့တွင်   ယခင်အတွေ့အကြုံများစွာ  ရှိပြီး ဖြစ်၍   အားနည်းချက်များ၊  လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ဆောင်ရွက်ချက်များသည်  သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ အနည်းဆုံး ဖြစ်စေရေး    အလေးထားကာ  အားလုံးပူးပေါင်း အကောင်အထည်ဖော် ဆောင်ကြရမည်ဖြစ်ကြောင်း။ 

 


သဘာဝဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှု လုပ်ငန်းများ   ဆောင်ရွက်ရာတွင်  သဘာဝဘေး အန္တရာယ်များ ဖြစ်လာမှသာ ရင်ဆိုင်တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ကြသည်ထက်    ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေး မှန်းဆကာ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ပြင်ဆင်မှုများကို       ဖြစ်နိုင်သမျှသော နည်းလမ်းများနှင့်    စီမံဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။

 


မျက်ခြည်မပြတ်လေ့လာ


မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုထက် ပိုမိုအလေးထား ဆောင်ရွက် သွားရန် လိုအပ်ပြီး နိုင်ငံတကာနှင့်လည်း စဉ်ဆက် မပြတ်   ချိတ်ဆက်ဆောင်ရွက်ရန်၊  မူဘောင်များ၊ သဘောတူညီချက်များကိုလည်း လိုက်နာဆောင်ရွက် ရန်၊   နည်းပညာများကိုလည်း  မျက်ခြည်မပြတ် လေ့လာအသုံးပြု   ဆောင်ရွက်ကြရန်   ပြောကြား လိုကြောင်း။ 

 


နိဂုံးချုပ်အနေဖြင့်   ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ မူလလုပ်ငန်းတာဝန်များကို သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်   ချိတ်ဆက်၍  ကဏ္ဍ အလိုက်   ပါဝင်ဆောင်ရွက်ကြရန်၊   နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လည်း မိမိတို့ဒေသ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍     လုံခြုံမှုရှိစေရေးနှင့်   သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားသည့်   ရပ်ရွာအသိုက် အဝန်းဖြစ်စေရေး စီမံဆောင်ရွက်ကြရန်  တိုက်တွန်း ပြောကြားလိုကြောင်း၊ ဆောင်ရွက်သွားမည့် အစီအမံ များ၊ ဆောင်ရွက်လိုသည့်လုပ်ငန်းများ၊ ဆောင်ရွက် သင့်သည့် အကြံပြုချက်များနှင့် အခြားပေါင်းစပ်  ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက် များကို ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက်  အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ် သော  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ များ၏      လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုများနှင့်  စပ်လျဉ်း၍   လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

 


ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ၊      ဆက်စပ် အစည်းအဝေးကျင်းပခဲ့မှုများနှင့်  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး(၁/၂၀၂၁)ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက်  စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်း ရေးမှူး အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြ၍ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြု ချက်ကို ရယူသည်။ 
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများက   အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍    သက်ဆိုင်ရာ   ကဏ္ဍာများအလိုက် ရှင်းလင်းတင်ပြကြသည်။    

 


ထို့နောက်   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးကိုကိုလှိုင်နှင့်   ဒေါက်တာသက်သက်ခိုင်တို့က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။ 

 


ယင်းနောက် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး   ဦးအောင်ထွန်းခိုင်က  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၁)   အစည်းအဝေး   ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူသည်။     

 


ပြန်လည်ဖြေရှင်းပေး


ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က     ရှင်းလင်းတင်ပြ    ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြေရှင်းပေးပြီး နိုင်ငံတော်အဆင့် လာနီညာ နောက်ဆက်တွဲဖြစ်စဉ်၊ နွေရာသီအပူချိန်မြင့်တက် ပြင်းထန်မှု၊   မီးဘေးအန္တရာယ်နှင့်  မိုးကြိုကာလ လေပြင်းမုန်တိုင်းတိုက်ခတ်မှု နောက်ဆက်တွဲဖြစ်စဉ် များအပေါ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံချက်ပါ အတိုင်း နိုင်ငံတော်အဆင့် Working Group Level မှစ၍ Table Talk Exercise ကို စတင်ဆောင်ရွက်နိုင် ရေး စီမံဆောင်ရွက်ရန်နှင့် Working Group Level Exercise  ပြီးပါက  ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အဆင့်အထိ  ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ တစ်ရပ်လုံးပါဝင်လာသည့် ဒေသအလိုက် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေး လေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး ရည်ရွယ် ဆောင်ရွက်ကြရန်   မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။    


သတင်းစဉ်