သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မော်ဒယ်သရုပ်ဆောင်များနှင့်အတူ လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်  ဒီဇင်ဘာ  ၂၂


သုတဝေဖြာသီရိဂေဟာ   မိသားစုပြိုင်ပွဲ   အသိပညာပေးအစီအစဉ်  (Family Quiz) ပွဲစဉ် (၄၆)ကို     ဒီဇင်ဘာ ၂၄ ရက်   ညနေပိုင်းတွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ     ဆက်လက်ထုတ်လွှင့်မည်ဖြစ် သည်။ 

 


အဆိုပါ   ကိုဗစ်-၁၉    ဆိုင်ရာ     အသိပညာပေးအစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် မော်ဒယ် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့်   ကိုလူချောတို့အဖွဲ့မှ   မိသားစုများက ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဒီဇင်ဘာ (၂၄ ၊ ၂၅ ၊ ၂၆) ရက်တို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်း အပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်