(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ

 

ကျောင်းကုန်း ဒီဇင်ဘာ ၂၂


၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်   ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို  ယနေ့နံနက် ၉ နာရီက စုရပ်အသီးသီး၌ ကျင်းပကြသည်။

 


အထက်တန်းဆင့် လွန်ဆွဲပြိုင်ပွဲကို  အစုကြီး အခြေခံပညာအထက် တန်းကျောင်းနှင့်   ဒေါင့်ကြီး အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊  အလယ်တန်းဆင့် ထုပ်ဆီးတိုးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း  ၊   မူလတန်းဆင့် မီတာ ၅၀ ၊ ပူဖောင်းဖောက်၊ အာလူးကောက်နှင့်   ဂုန်နီ အိတ်စွပ်ပြိုင်ပွဲကို (မြို့မ)        အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း   ကျင်းပကြောင်း သိရသည်။


ဝင်းကြိုင်(ပြန်/ဆက်)