တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်  ပဉ္စမအကြိမ်ပေးအပ်သည့် အခမ်းအနားကျင်းပ

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၁
တရားလွှတ်တော်ရှေ့နေ   အသိ အမှတ်ပြုလက်မှတ်  ပဉ္စမအကြိမ် ပေးအပ်သည့်       အခမ်းအနား ကို     ယနေ့နံနက်    ၈    နာရီတွင်  ပြည်ထောင်စု  တရားလွှတ်တော် ချုပ်ရုံး၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ        ပြည်ထောင်စု တရားလွှတ်တော်ချုပ်    တရားသူ ကြီး   ဦးမျိုးတင့်က   အမှာစကား ပြောကြားသည်။
ကတိသစ္စာပြု
အခမ်းအနားတွင်  လျှောက် ထားသူ အထက်တန်းရှေ့နေ ၂၉၅  ဦးကို    တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု   လက်မှတ်များ ပေးအပ်ပြီး     တရားလွှတ်တော် ရှေ့နေ  အသိအမှတ်ပြုလက်မှတ် ရရှိသူများက   ကတိသစ္စာပြုကြ သည်။
အခမ်းအနားသို့ပြည်ထောင်စုတရားစီရင်ရေး      ကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြား   ရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊  ရှေ့နေ ရှေ့ရပ်ဌာနခွဲမှ  ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊   လက်‌ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။               
        သတင်းစဉ်