ပဲခူး PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား  လက်နက်/ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၁
နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ     ပြည်သူလူထု   အထိတ်တလန့် ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များ ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ နေ့/ညမပြတ်  ဆောင်ရွက်လျက်ရှိရာ  အေးချမ်းစွာနေထိုင် လိုသည့်     တာဝန်သိပြည်သူများ၏  သတင်း ပေးချက်အရ   ဒီဇင်ဘာ ၁၂ ရက် တွင်   ပဲခူးမြို့အတွင်း   ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော    ပဲခူး  PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ခန့်လင်းနိုင်(ခ)ကိုခန့် (၁၉)နှစ် သည်    ပဲခူးမြို့မှ  ခရီးသည်တင် ယာဉ်လိုင်းဖြင့်    မန္တလေးမြို့သို့ လိုက်ပါလာကြောင်း   သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ   ပိတ်ဆို့ ရှာဖွေခဲ့ရာ           ရန်ကုန်-မန္တလေး   အမြန်လမ်း   မိုင်တိုင် (၁၅၈)၌ ခန့်လင်းနိုင်(ခ)ကိုခန့်အား ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ
တရားခံ       ခန့်လင်းနိုင် (ခ) ကိုခန့် ၏  ထွက်ဆိုချက်အရ   ပဲခူး မြို့တွင် ဖောက်ခွဲရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် မြတ်ကိုကို လင်း(ခ)မင်းဘုန်းမဟာ (၂၅)နှစ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်် (၂၂)နှစ်၊      ဇင်ဝင်းထွန်း(၂၅)နှစ်နှင့် အောင်ဇာထွန်း   (၄၁)   နှစ်တို့ လေးဦးကို   ပဲခူးမြို့   ရပ်ကွက်ကြီး (၆)ရှိ အဆောင်၌ ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၁၀ တောင့်၊      လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊    ယမ်းထုပ် လေးထုပ်၊    ဖုန်းမျိုးစုံ   ခုနစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လက်လုပ်မိုင်းဖြင့်ဖမ်းမိ
တရားခံများ၏  ထွက်ဆိုချက် အရ    ပဲခူးမြို့     ဥဿာမြို့သစ် ရပ်ကွက်ကြီး(၁)     အနော်ရထာ လမ်း၌   ဝင်းဇော်သိန်း(ခ)ဦးဇာ (၃၆)နှစ်၊ ညီဘုန်းအောင်(ခ)မာလ (၁၈)နှစ်တို့   နှစ်ဦးကို  လက်လုပ် မိုင်းနှစ်လုံးဖြင့်      လည်းကောင်း၊ ဘုရားကြီးမြို့ အမှတ်(၂) ရပ်ကွက် ၌ စိုးမင်းထွန်း(ခ)မုတ်ဆိတ်(၂၉)နှစ်ကို လည်းကောင်း     ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ မြတ်ကိုကိုလင်း (ခ) မင်းဘုန်းမဟာ ၏   ထွက်ဆိုချက် အရ     ဒီဇင်ဘာ ၁၃ ရက်တွင် ပဲခူးမြို့နယ်          ထားဝယ်အင်း ကျေးရွာနေ    ဖမ်းဆီးရန်ကျန် ဘိုဘိုအောင် (၃၂)နှစ်၏   နေအိမ်မှ လက်ပစ်ဗုံး တစ်လုံး၊    TNT ယမ်း သုံးတုံး၊    ယမ်းပြင်း ခုနစ်ထုပ်နှင့် ဖောက်ခွဲရေး  ဆက်စပ်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ  ဒီဇင်ဘာ ၁၄ ရက်တွင်     ပဲခူး PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ  သန့်ဇင်ဝင်း (၄၁)နှစ်ကို ဟင်္သာတမြို့နယ် မရိုး သောင်အုပ်စု   လယ်တီကျေးရွာ၌ လည်းကောင်း၊ ဟင်္သာတမြို့နယ် သင်္ဘန်းကုန်းကျေးရွာအနီး   လယ် ကွင်းအတွင်း၌     ဝေယံလွင်(ခ)ဂျာကြီး(၂၅)နှစ်နှင့်   အောင်မျိုးသူ (၄၁)နှစ်တို့    နှစ်ဦးကို     လည်း ကောင်း    ထပ်မံဖမ်းဆီးရမိခဲ့ သည်။
တရားခံ မြတ်ကိုကိုလင်း (ခ) မင်းဘုန်းမဟာ ၏   ထွက်ဆိုချက် အရ        ဒီဇင်ဘာ    ၁၆  ရက်တွင် ပဲခူးမြို့နယ်         ဂွေ့တန်းရှည် ကျေးရွာရှိ       ဖမ်းဆီးရန်ကျန် မောင်ကျော်၏  နေအိမ်မှ AK-47 သေနတ်နှစ်လက်၊        ကျည်အိမ် နှစ်ခု၊    ကျည်မျိုးစုံ ၅၂ တောင့်နှင့် လက်ပစ်ဗုံးကိုးလုံးတို့ကို     သိမ်း ဆည်းရမိခဲ့သည်။
မူးယစ်ဆေးပစ္စည်းများနှင့်ဖမ်းမိ
တရားခံများ၏  ထွက်ဆိုချက် အရ     ဒီဇင်ဘာ ၁၈ ရက်တွင် ပဲခူးမြို့   ဗိုလ်ကုန်းရပ်ကွက် မာဃ လမ်း၌     ကျော်လွင်(၆၄)နှစ်၊ မာလာမြင့်(၄၀)နှစ်၊  ထက်အောင် ကို (၁၇)နှစ်တို့ သုံးဦးကို လက်လုပ် ဂတ်စ်သေနတ်         သုံးလက်၊ လက်လုပ်ဗုံး လေးလုံး၊ ဒီတိုနေတာ များ၊  ဖောက်ခွဲရေးဆက်စပ်ပစ္စည်း များ၊    မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်        ပစ္စည်းများနှင့် လည်းကောင်း၊           တရားခံ ထက်အောင်ကို၏  ထွက်ဆိုချက် အရ ပဲခူးမြို့ ဗိုလ်ကုန်းရပ်ကွက်၌ စည်သူကျော်(ခ)စည်သူ  (၂၁)နှစ် နှင့်     ကျော်ဇောဦး (၃၄)နှစ်တို့ နှစ်ဦးကို  လည်းကောင်း၊   တရားခံ မာလာမြင့်၏    ထွက်ဆိုချက်အရ ပဲခူးမြို့  မြို့သစ်ရပ်ကွက်   ဇောတိ ကာရုံ          ဘုန်းကြီးကျောင်းဝင်း အတွင်း၌ ထက်လင်းဦး(ခ)အိုဝမ်း (၂၇)နှစ်၊    ပြည့်ကိုကို(ခ)ကိုပြည့် (၂၉)နှစ်နှင့်   ရဲနောင်(၂၃)နှစ်တို့ သုံးဦးကို ပစ္စတိုတစ်လက်၊   ကျည် အိမ်တစ်ခု၊     လက်ပစ်ဗုံးတစ်လုံး၊ ပွိုင့်-၃၈၀  ကျည် ၆၂ တောင့်တို့နှင့် လည်းကောင်း   ထပ်မံဖမ်းဆီးရမိခဲ့ သည်။          
     အကြမ်းဖက်သင်တန်းများ တက်ရောက်
ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၁၈ ဦး၊  အမျိုးသမီး တစ်ဦး  ပေါင်း ၁၉ ဦး တို့ကို  လက်နက်ငယ်မျိုးစုံ လေးလက်၊     လက်လုပ်သေနတ် သုံးလက်၊     ကျည်အိမ်မျိုးစုံ ငါးခု၊ ကျည်မျိုးစုံ ၁၂၄ တောင့်၊  လက်ပစ် ဗုံး ၁၂ လုံး၊     လက်လုပ်မိုင်းမျိုးစုံ ခုနစ်လုံး၊ TNT ယမ်းသုံးတုံး၊  ယမ်း ထုပ် ၁၁ ထုပ်၊         ဖောက်ခွဲရေး ဆက်စပ်      ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ မြတ်ကိုကိုလင်း (ခ)မင်းဘုန်းမဟာ၊   ခန့်လင်းနိုင် (ခ)ကိုခန့် ၊  ဇင်ဝင်းထွန်း၊   စိုးမင်း ထွန်း(ခ)မုတ်ဆိတ် နှင့်    ပြည့်ဖြိုး အောင် (ခ)ကိုပြည့်တို့ ငါးဦးသည် KNLA  တပ်မဟာ(၅)နယ်မြေ၌ လည်းကောင်း၊ ထက်လင်းဦး (ခ)အိုဝမ်း၊  စည်သူကျော်(ခ)စည်သူ၊ ပြည့်ကိုကို(ခ)ကိုပြည့်၊    ရဲနောင် နှင့်   ဖမ်းဆီးရန်ကျန်   ဟိန်းလေး တို့သည်     KNLA   တပ်မဟာ(၆)နယ်မြေ၊ လေးကေ့ကော်၌ လည်း ကောင်း၊ ခန့်လင်းနိုင်(ခ)ကိုခန့် နှင့် ဇင်ဝင်းထွန်းတို့သည်   TNLA တပ်မဟာ (၇) နယ်မြေ၌   လည်း ကောင်း     အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ   တက် ရောက်ခဲ့ကြောင်း  ဖော်ထုတ်သိရှိရ သည်။
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ      ပဲခူး PDF အမည်ခံ          အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးရန်ကျန် ဇေလတ် (NLD ပါတီ    ပဲခူးမြို့နယ်    အမျိုးသား လွှတ်တော်        ကိုယ်စားလှယ် ဟောင်း) မှ  ဦးစီး၍   ဇွန် ၂၆ ရက် တွင် ဖမ်းဆီးရန်ကျန်    မျိုးကိုနှင့် ရဲထွဋ်တို့ ဦးဆောင်ကာ မြတ်ကိုကို လင်း(ခ)မင်းဘုန်းမဟာ၊ ခန့်လင်း နိုင်(ခ)ကိုခန့်၊ သန့်ဇင်ဝင်း၊ ဇင်ဝင်း ထွန်း၊ ဝင်းဇော်သိန်း(ခ)  ဦးဇာ၊ ညီဘုန်းအောင်(ခ)မာလ၊   စိုးမင်း ထွန်း      (ခ)       မုတ်ဆိတ်၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်၊ ဝေယံ လွင်(ခ)ဂျာကြီး၊   အောင်မျိုးသူ၊ သာထူး၊ မင်းမင်းသန့်၊ အောင်ပြည့် ဖြိုး၊    ထက်ဆက်ညွန့်၊    ရန်နိုင်၊ စည်သူဖြိုး တို့ဖြင့်  လည်းကောင်း၊ ဟံသာဝတီ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ကို   အောက်တိုဘာ ၃၀ ရက်တွင် ထက်လင်းဦး (ခ)အိုဝမ်း ဦးစီး၍ စည်သူကျော် (ခ)စည်သူ၊ ပြည့်ကိုကို(ခ)ကိုပြည့်၊ ရဲနောင် တို့နှင့်အတူ         ဖမ်းဆီးရန်ကျန် ဖိုးစည်(ခ)သီဟဇော်တို့ဖြင့် လည်း ကောင်း     အသီးသီးဖွဲ့စည်းခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏  ထွက်ဆိုချက် အရ  ဖမ်းဆီးရန်ကျန်   မျိုးကိုနှင့် ရဲထွဋ်တို့၏ စေခိုင်းမှုဖြင့် သန့်ဇင် ဝင်း၊ မြတ်ကိုကိုလင်း(ခ)မင်းဘုန်း မဟာ၊ ပြည့်ဖြိုးအောင်(ခ) ကိုပြည့်၊ စိုးမင်းထွန်း(ခ)    မုတ်ဆိတ်နှင့် ပဲခူးမြို့နေ        ဖမ်းဆီးရန်ကျန် ကိုကျော်တို့ ငါးဦးသည်   ရန်ကုန် မြို့နေ    ဖမ်းဆီးရန်ကျန်   နေလ၊ ပဲခူးမြို့နေ      ဖမ်းဆီးရန်ကျန် ကုလားကြီး၊ ကိုပိုင်၊ မြဝတီမြို့နေ ဖမ်းဆီးရန်ကျန်          ဂျိုကာ၊ ညောင်လေးပင်မြို့နေ  ဖမ်းဆီးရန် ကျန် မစ်ကီတို့နှင့်   ချိတ်ဆက်၍ မြဝတီမြို့မှ   ဖောက်ခွဲရေးပစ္စည်း များနှင့်  လက်နက်/ ခဲယမ်းများကို ဂတ်စ်အိုးများအတွင်း   ထည့်၍ လည်းကောင်း၊     မော်တော်ယာဉ် အောက် ကြမ်းခင်းနှင့် တံခါးဘေး အံဝှက်များအတွင်း၌    လည်း ကောင်း၊     စပါးသယ်ယာဉ်ဖြင့် စပါးအိတ်များအတွင်း၌    လည်း ကောင်း သိုဝှက်၍ ခရီးသည်တင် ယာဉ်၊   ကိုယ်ပိုင်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း ဖော် ထုတ်သိရှိရသည်။
လက်လုပ်မိုင်းများပြုလုပ်
တရားခံ   ထက်လင်းဦး(ခ)အိုဝမ်း၏           ထွက်ဆိုချက်အရ မြတ်ကိုကိုလင်း(ခ)     မင်းဘုန်း မဟာနှင့် ဖမ်းဆီးရန်ကျန် စိုးကြီး တို့သည်   ဘုရားသုံးဆူ   PDF အမည်ခံ     အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်   ဖမ်းဆီးရန်ကျန် ဦးကျော်ထံမှ သိမ်းဆည်းရမိသည့် ပစ္စတိုတစ်လက်နှင့်      ပွိုင့် ၃၈၀ ကျည်တောင့် ၅၀ တို့ကို      ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း၊   ဖမ်းဆီးရန် ကျန်     မျိုးကို နှင့် ရဲထွဋ်တို့၏ စေခိုင်းမှုဖြင့်    ခန့်လင်းနိုင်(ခ)ကိုခန့်၊     မြတ်ကိုကိုလင်း(ခ) မင်းဘုန်းမဟာတို့      နှစ်ဦးသည် လက်လုပ်မိုင်းများ      ပြုလုပ်ပြီး ညောင်လေးပင်၊   ဒိုက်ဦး၊   ဝေါ၊ သနပ္ပင်နှင့်    ကဝ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသို့ ပြန်လည် ဖြန့်ဝေပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ  ပဲခူးမြို့အတွင်း အကြမ်းဖက်   ဖောက်ခွဲဖျက်ဆီး ရေးလုပ်ငန်း ကိုးကြိမ် ဆောင်ရွက် ခဲ့ပြီး ဖောက်ခွဲမှုများအနေဖြင့်-
    -    ဝေယံလွင်သည် မတ် ၁၄ ရက်တွင် ပဲခူးမြို့  မြဝတီ ဘဏ်ကို   လည်းကောင်း၊   မေ ၄ ရက်တွင်    ပဲခူးမြို့ ဟံသာဝတီ   ဘောလုံး  ကွင်းကို    လည်းကောင်း၊ ဇွန် ၆ ရက်တွင်    ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ပဲခူး တိုင်းဒေသကြီး   စည်ပင် သာယာရေး  အဖွဲ့ရုံးကို     လည်းကောင်း    လက်ပစ် ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း။
    -    ဝေယံလွင် နှင့်     အောင် ပြည့်ခန့်တို့ နှစ်ဦးသည် ဇူလိုင် ၄ ရက်တွင် ပဲခူးမြို့ စျေးပိုင်း       ရပ်ကွက်ရှိ     မြို့နယ်       လျှပ်စစ်ရုံးနှင့်   ဟံသာဝတီ    ရပ်ကွက်   အုပ်ချုပ်ရေးမှူး    ရုံးကို  လက်လုပ်မိုင်းဖြင့်    ပစ် ခတ်ခဲ့ပြီး    ရန်နိုင် နှင့်   ဖမ်းဆီးရန်ကျန် ငြိမ်းချမ်း တို့မှ    လုံခြုံရေးအဖွဲ့ဝင် များ၏      အခြေအနေ ကို     စောင့်ကြည့်ပေးခဲ့ ကြောင်း။
    -    အောက်တိုဘာ ၂၀ ရက် တွင်       စည်သူကျော် နှင့်            ဖမ်းဆီးရန်ကျန်  အောင်ညီညီသွင်    တို့  နှစ်ဦးသည်    ပဲခူးမြို့    ဟံသာဝတီ    ရပ်ကွက်ရှိ        စည်ပင်     သာယာရေး     အဖွဲ့ရုံးကို   လက်လုပ် မိုင်းဖြင့်          ပစ်ခတ်ခဲ့ ကြောင်း။
    -    နိုဝင်ဘာ  ၁  ရက်တွင် ဖမ်းဆီးရန်ကျန်     သီဟ နောင်နောင်(ခ)  နောင် နောင် သည်       ပဲခူးမြို့ ပုဏ္ဏားစု     ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုး     ပါတီဝင်  ဦးအောင်ဌေး၏ နေအိမ် ကို      လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။
    -    နိုဝင်ဘာ    ၁၂    ရက်တွင် ရဲနောင်သည်  ပဲခူးမြို့ ဥဿာမြို့သစ်  ရပ်ကွက် ကြီး(၂)၊ အုပ်ချုပ်ရေးမှူး ရုံးကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း။
    -    နိုဝင်ဘာ   ၂၄   ရက်တွင် ဖမ်းဆီးရန်ကျန်      သီဟ နောင်နောင်(ခ)    နောင် နောင်သည်   ပဲခူးမြို့ ပုဏ္ဏားစု     ရပ်ကွက်ရှိ မြို့ရိုးကုန်း    ဟင်းသီး ဟင်းရွက်    ဈေးတန်းကို လက်လုပ်မိုင်းဖြင့် ပစ်ခတ် ခဲ့ကြောင်း        သိရှိရ သည်။
ပဲခူးမြို့နယ်အတွင်း     PDF အမည်ခံ    အကြမ်းဖက်အဖွဲ့ဝင် များ၏      အပြစ်မဲ့ပြည်သူများ အား     လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူလူထု အထိတ်တလန့် ဖြစ် စေရန်အတွက်       အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ပြုလုပ်ခြင်းအား  ဖမ်းဆီးရန်ကျန် ဇေလတ်    (NLD ပါတီ  ပဲခူးမြို့နယ် အမျိုးသားလွှတ်တော်    ကိုယ်စား လှယ်ဟောင်း)က  နောက်ကွယ်မှ ထောက်ပံ့၍     စေခိုင်းနေခြင်း  ဖြစ်ကြောင်း         ဖော်ထုတ်သိရှိရ သည်။
သတင်းပေးတိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိသူများ အား    ဥပဒေအရ   ထိရောက်စွာ အရေးယူနိုင်ရေး       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်          ဆက်စပ်တရားခံများကို အမြန်ဆုံး  ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ် ရှားသွားလာနေထိုင်မှု    သတင်း များရရှိပါက      သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်းနှင့်         မြို့ရွာများ အမြန်ဆုံး    အေးချမ်းတည်ငြိမ် ရေးအတွက်   ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် သက်ဆိုင်ရာက  မေတ္တာ ရပ်ခံ     သတင်းထုတ်ပြန်ထား သည်။
သတင်းစဉ်