နယူးဒေလီ ဒီဇင်ဘာ ၂၀
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၆၅၆၃ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၇၄၆၈၃၈ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန၏  နောက်ဆုံးထုတ်ပြန်သည့်အချက် အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၃၂ ဦးထပ်တိုး လာခြင်းကြောင့်  ရောဂါကြောင့်   သေဆုံးသူ  စုစုပေါင်း ၄၇၇၅၅၄  ဦးရှိလာကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိဆဲလူနာ စုစုပေါင်း ၈၂၂၆၇ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 
အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၈၀၇၇ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၃၄၁၈၇၀၁၇ ဦးရှိလာကြောင်း  အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
      


