ဂျီနီဗာ ဒီဇင်ဘာ ၂၀
လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်အား ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၈၉ ခု၌  ဖြစ်ပွားနေ  ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက် တွင်ပြောကြားသည်။ 
ထို့ပြင် အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါ ပြင်းထန်စွာခံစားနေရချိန်တွင်   ၎င်းတို့ထိုးနှံထား သည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ရောဂါ တိုက်ဖျက်ရေးအတွက်   မည်မျှလုပ်ဆောင်နိုင်သည် ဆိုသည့်အချက်အပါအဝင်  အခြားလိုအပ်သည့်    ဆေးဘက်ဆိုင်ရာ  အချက်အလက်အများအပြားကို ကျယ်ပြန့်စွာ မသိရှိရသေးကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားသည်။
 အဆိုပါ  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်အား စိုးရိမ်ဖွယ်ကောင်းသည့်  ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ် ကြောင်း နိုဝင်ဘာ  ၂၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်ခဲ့သည်။အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုမြင့်တက် လာခြင်းကြောင့်  ဗြိတိန်နှင့် တောင်အာဖရိက နိုင်ငံ အပါအဝင်  ကမ္ဘာတစ်ဝန်းရှိ  ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါဖြင့်    ဆေးရုံတက်ရောက်ကုသသူ များပြားလာ သဖြင့်   ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတွင် ဝန်ထုပ်ဝန်ပိုးများဖြစ်လာနိုင်ကြောင်း  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတိပေးခဲ့သည်။ 
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ
      


