တပ်မတော်ဆေးတက္ကသိုလ်၏(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၀


တပ်မတော်ဆေးတက္ကသိုလ်၏   (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး      မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ  တပ်မတော်ဆေးတက္ကသိုလ်    ခေတ္တ ကျောင်းအုပ်ကြီး     ဗိုလ်မှူးကြီးဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ်   ခေတ္တပါမောက္ခချုပ်         ဒုတိယဗိုလ်မှူးကြီးခွန်ထွန်းလှိုင် နှင့် တပ်မတော်ဆေး တက္ကသိုလ်မှ  ပညာရေးအဖွဲ့ဝင်များ  တက်ရောက် ကြသည်။
အခမ်းအနားကို ဖွင့်လှစ်


အစီအစဉ်အရ    တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊  ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည်  ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင်  နေရာယူကြ ပြီးနောက်  နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်း သဘင်အခမ်းအနားကို ဖွင့်လှစ်သည်။  ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူ စေခြင်း၊   မော်ကွန်းထိန်းက  ဘွဲ့ယူမည့်သူများကို ခေတ္တပါမောက္ခချုပ်ထံသို့     ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။


ဆက်လက်၍ ခေတ္တပါမောက္ခချုပ်က ဆေးပညာ ဘွဲ့ ၃၃ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ခြောက်ဦး၊ စုစုပေါင်း ၃၉ ဦးတို့အား ဘွဲ့လက်မှတ်များ  ချီးမြှင့် အပ်နှင်းသည်။ ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင် အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။
ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြား


ယင်းနောက် ခေတ္တကျောင်းအုပ်ကြီးက ဘွဲ့နှင်း သဘင်မိန့်ခွန်း ပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ   တပ်မတော်ဆေး တက္ကသိုလ်      ခေတ္တကျောင်းအုပ်ကြီး၊    ခေတ္တ ပါမောက္ခချုပ်နှင့်    ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ   ပြန်လည်ထွက်ခွာသွားကြ သည်။
တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့်  ယနေ့ အချိန်အထိ  ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၁၃၆ ဦး၊ ဆေးလက်တွေ့ နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၁၃၈ ဦး၊  ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၁၈၉ ဦးတို့အား ဘွဲ့များ  ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။   လက်ရှိ ဆေးပညာ မဟာသိပ္ပံဘွဲ့လွန် သင်တန်းအမှတ်စဉ် (၂၆)တွင် သင်တန်းသားအရာရှိ လေးဦး၊  အမှတ်စဉ် (၂၇)တွင် သင်တန်းသားအရာရှိ ၁၆၇ ဦး၊ အမှတ်စဉ် (၂၈)တွင် သင်တန်းသားအရာရှိ ၂၃၂ ဦး၊  အမှတ်စဉ် (၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး စုစုပေါင်း ဘွဲ့လွန်သင်တန်းသားအရာရှိ ၇၀၇ ဦး သင်တန်း တက်ရောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ချီးမြှင့်ခြင်းဖြစ်
အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း များရရှိခဲ့သည့်  ပညာရည်ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေး ခဲ့ခြင်းမဟုတ်ဘဲ     ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊   ဆေးတက္ကသိုလ်(၂)ရန်ကုန်၊  ဆေးတက္ကသိုလ်(မကွေး)၊  ဆေးတက္ကသိုလ် (တောင်ကြီး) စသည့် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊  ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏   စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ် ၏  သင်ရိုးညွှန်းတမ်းများကိုလည်း  အခြားဆေး တက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအရ စံချိန် စံညွှန်း သတ်မှတ်ချက်များနှင့်အညီ  အထူးအောင် သတ်မှတ်ခြင်းနှင့်  ဂုဏ်ထူးပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။  


သတင်းစဉ်