
နေပြည်တော် ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦး မြို့နယ် ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက် သမားများနှင့် PDF အမည်ခံ အကြမ်းဖက် သမားများကို ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့ရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်း တွင် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမား ခေါင်းဆောင် အချို့ပါဝင်သည့် အင်အား ၁၀၀ ခန့်သည် ရေဦး မြို့နယ် ရေမြက်ကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်ရန်အတွက် အစည်းအဝေး ပြုလုပ်ရန် စုဝေးနေကြောင်းကို တည်ငြိမ်အေးချမ်းမှုကို လိုလား သော ကျေးရွာသူ၊ ကျေးရွာသား အချို့က လျှို့ဝှက်သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်းတို့အစည်းအဝေး ပြုလုပ်သည့်နေရာကို မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် စီးနင်း ဝင်ရောက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာ၏ အရှေ့တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့ သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အပြစ်မဲ့ပြည်သူနှင့် ၎င်းတို့၏နေအိမ် အဆောက်အဦ များ ထိခိုက်မှုမရှိစေရေး သတိပြု ရှောင်ရှားဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်စဉ်တွင် ကျေးရွာသူ၊ ကျေးရွာ သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ အကြမ်းဖက်သမား လေး ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ တစ်လုံးထိုးသေနတ် သုံးလက်၊ လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ် လက်ပစ်ဗုံး ၂၃ လုံး၊ လက်လုပ်မိုင်း ကြီး သုံးလုံး၊ အမ်-၂၂ ကျည် ၄၄၄ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၉ တောင့်၊ လျှပ်စစ်ဒီတိုနေ တာ ၃၅၀ ၊ ယမ်းကြိုးခွေ သုံး ခွေ၊ ယမ်းမှုန့် လေးပိဿာ၊ လက်လုပ်သုံးချောင်းထောက်စင် တစ်ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများ အနေ ဖြင့် ကျေးရွာအချို့တွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့ များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကြ ရန် သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားကြောင်း သိရ သည်။
သတင်းစဉ်