နှမ်းစိုက်တောင်သူများ အသေးစားစီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မဲခေါင်-လန်ချန်း ရန်ပုံငွေ ငွေကျပ်သိန်း  ၃၀၀ ထောက်ပံ့ပေးခဲ့

 

 

နေပြည်တော်    ဒီဇင်ဘာ  ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမလုပ်ငန်းများနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးသည်   မကွေး တိုင်းဒေသကြီး   မြို့သစ်မြို့  သမဝါယမအသင်းစုမှ ဆောင်ရွက်လျက်ရှိသည့် မြင်းကောင်ရေ ၃၅ကောင်ရှိ တစ်ပိုင်တစ်နိုင်  ဆန်စက်လည်ပတ်နေမှုကို  လည်း ကောင်း၊   လူသုံးကုန်ပစ္စည်း   ထုတ်လုပ်မှုသင်တန်း မှ    သင်တန်းဆင်းလုပ်ငန်းရှင်များနှင့်   တွေ့ဆုံ၍ လူသုံးကုန်ပစ္စည်းများ      ဆောင်ရွက်နေမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
စိုက်ပျိုးမြေဧက ၁၀၀ အကျိုးပြု
ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်   မြို့သစ်မြို့နယ်  ကိုရံ(တောင်)ကျေးရွာတွင် ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်     ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမြေဧက   ၁၀၀     အကျိုးပြုမည့်     မြေနီ ကျောက်စရစ်ကုန်ထုတ်လမ်း  ဖောက်လုပ်နေမှုကို လည်းကောင်း၊  မကွေးမြို့နယ်  ဘုရားပြို(တောင်) ကျေးရွာတွင်   လူဦးရေ  ၁၅၂ ဦး   အကျိုးပြုမည့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကိုလည်းကောင်း    ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၏   တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မကွေးမြို့နယ် မကြီးကန်ကျေးရွာရှိ မြေလတ်သား အထွေထွေသမဝါယမအသင်းစုချုပ်၏ တန် ၃၀ ကျ    ဆီစက်နှင့်   နှမ်းအခွံချွတ်စက်ရုံသို့ ရောက်ရှိကာ မြေလတ်သား အထွေထွေသမဝါယမ အသင်းစုချုပ်တာဝန်ရှိသူများက စက်ရုံမှ ထုတ်ကုန် ထွက်ကုန်ပစ္စည်းများကို    အရှေ့အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံ၊    ထိုင်ဝမ်သို့    နှစ်စဉ်တင်ပို့ရောင်းချမှု၊    အကျိုးအမြတ်ရရှိမှု၊   စက်ရုံလည်ပတ်နေမှု၊   နှမ်း ကုန်ကြမ်းဝယ်ယူမှုကို  လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်     တွေ့ဆုံ၍     တိုင်းဒေသကြီး အတွင်း    သမဝါယမလုပ်ငန်းများ၊   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း       ဆောင်ရွက်နေမှု၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့်  မိသားစုဝင်ငွေ တိုးပွားရေးတို့ကို ဆွေးနွေးညှိနှိုင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်    နှမ်းကုန်ချောထုတ်စက်ရုံသို့ ရောက်ရှိကာ မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ ကျေးရွာ ၃၀ မှ   နှမ်းစိုက်တောင်သူ   ၆၀၀  ဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံတွင် အသင်းဝင် တောင်သူများ၏ နှမ်းများနှင့် ပုဂ္ဂလိကပိုင် နှမ်းများကို    ခေတ်မီစက်များဖြင့်    မျိုးခွဲသန့်စင် ဆောင်ရွက်ပေးနေမှု၊   နှမ်းထောပတ်၊  ပဲထောပတ်၊ နှမ်းဆီသန့်၊ ပဲဆီသန့်များ ထုတ်လုပ်၍ ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချပေးနေမှု၊ နှမ်းစိုက်တောင်သူများ  အသေးစားစီးပွားရေးလုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ     မဲခေါင်-လန်ချန်း ရန်ပုံငွေ   ငွေကျပ်သိန်း  ၃၀၀ ထောက်ပံ့ပေးခဲ့မှုကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များကို   ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
လူဦးရေ  ၇၆၀၀၀ ကျော် အကျိုးပြု
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  မကွေးတိုင်းဒေသကြီးအတွင်း၌  ၂၀၂၁-၂၀၂၂ ခု  ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း လူဦးရေ  ၇၆၀၀၀ ကျော်  အကျိုးပြုပေးနိုင်မည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၀၆ ခု၊ စိုက်ပျိုးရေး မွေးမြူရေးဧကပေါင်း ၃၇၀၀၀ ကျော်   အကျိုးပြု ပေးနိုင်မည့်   ကျေးလက်ကုန်ထုတ်လမ်း    ၃၇ မိုင် ၇ ဒသမ ၃၂ ဖာလုံ၊  ကျေးလက်ကုန်ထုတ်တံတား  ၃၂  စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ၁၁၈ ရွာ၊  မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀ နှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်း  (၄၉) ကြိမ်တို့ကို အကောင်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။       
သတင်းစဉ်