
နေပြည်တော် ဩဂုတ် ၂၈
အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့မွန်းလွဲပိုင်းတွင် အရွယ် မရောက်သေးသူများအား စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေးအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး အထူးတာဝန်အဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) ၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren နှင့် ယူနီဆက် (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi တို့နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးစဉ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ် များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ပေးခဲ့ ပြီးနောက်ပိုင်း ကလေးစစ်သည် စုဆောင်းမှုနှင့် ကလေးသူငယ်များကို အသုံးပြုမှုများကို တားဆီးကာကွယ် ရေး ဆောင်ရွက်ချက်များ ရေရှည် တည်တံ့မှုရှိစေရေး၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များကို သေကျေ ထိခိုက်ဒဏ်ရာ ရစေမှုနှင့် လိင်အကြမ်းဖက်မှု ကျူးလွန်မှုများ ကို တားဆီးကာကွယ်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နိုင် မည့် နည်းလမ်းများ၊ Safe School Declaration တွင် မြန်မာနိုင်ငံက ပါဝင်နိုင်ရေး အခြေအနေနှင့် ကလေး သူငယ်များနှင့် စာသင်ကျောင်းများကို အကာအကွယ်ပေးရေးနှင့် မိုင်း အန္တရာယ်တားဆီးကာကွယ်ရေးကိစ္စ များကို ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ထည့်သွင်းဆွေးနွေးနိုင်မှု အလား အလာများနှင့် စပ်လျဉ်း၍ နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်