ဖိုက်ဇာကာကွယ်ဆေးကို တတိယအကြိမ်ထိုးခြင်းဖြင့် အိုမီခရွန် ကူးစက်မှုကိုကာကွယ်ရာတွင် ထိရောက်နိုင်ဖွယ်ရှိ

 

ဂျီနီဗာ ဒီဇင်ဘာ ၁၉


မကြာသေးမီက လေ့လာထား ချက်များအရ ဖိုက်ဇာ    ကိုဗစ်- ၁၉  ကာကွယ်ဆေးကို   တတိယ အကြိမ် ထိုးပေးခြင်းဖြင့်   ဒယ်လ် တာ   မျိုးကွဲကဲ့သို့ပင် အိုမီခရွန် ကူးစက်မှုကိုလည်း  ကာကွယ်ရာ တွင်     ထိရောက်နိုင်ဖွယ်ရှိသည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ 

 


ကုလသမဂ္ဂ  ကျန်းမာရေး အဖွဲ့အစည်းကြီးသည်   အဖွဲ့ဝင် နိုင်ငံများအတွက်      နောက်ဆုံး ရရှိထားသော အချက်အလက်များ ကို ထုတ်ပြန်ခဲ့သည်။ အင်္ဂလန်မှရရှိထားသောတွေ့ရှိချက်များအရ ဖိုက်ဇာကာကွယ်ဆေး သို့မဟုတ် အက်စထရာဇနီကာ  ကာကွယ် ဆေး      နှစ်ကြိမ်ထိုးပြီးနောက်  ဒယ်လ်တာမျိုးကွဲကို ကာကွယ် နိုင်မှုနှင့် နှိုင်းယှဉ်လျှင် ကာကွယ် ဆေးသက်ရောက်မှုမှာ အိုမီခရွန် ကူးစက်မှုကြောင့်     ရောဂါ လက္ခဏာများကို တိုက်ဖျက်ရာ တွင် အကျိုးသက်ရောက်မှုလျော့နည်းသွားသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ဖော်ပြခဲ့သည်။

 


သို့သော်လည်း    ဖိုက်ဇာ ကာကွယ်ဆေးကို တတိယအကြိမ် ထိုးပြီးပါက      ကာကွယ်ဆေး၏ စွမ်းဆောင်ရည် မြင့်လာသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

 


သို့သော်လည်း      အချက် အလက်ရရှိမှုမှာ အကန့်သတ်များ ရှိနေသေးသည့်အတွက်            လုံ လောက်သည့် သက်သေပြချက်မျိုး မရှိသေးပေ။    အိုမီခရွန်မျိုးကွဲ ကူးစက်မှုမှာ နိုင်ငံပေါင်း ၈၉ နိုင်ငံ တွင်                တွေ့ရှိရသည်ဟုလည်း  ကမ္ဘာ့ကျန်းမာရေး    အဖွဲ့ကြီးက  ပြောသည်။  အိုမီခရွန်ပျံ့နှံ့မှုမှာ ဒယ်လ်တာကူးစက်မှုထက်    ပို၍     လျင်မြန်ကြောင်း ပြောခဲ့သည်။ 


အင်န်အိတ်ချ်ကေ