
နေပြည်တော် ဒီဇင်ဘာ ၁၉
နေပြည်တော်အတွင်းရှိ လီဆူတိုင်းရင်းသားမိသားစု များ၏ ခရစ္စမတ်အကြို ဆုတောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ လီဆူခရစ်ယာန်ရိပ်သာ ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တက်ရောက်သည်။
ဦးစွာ ဆရာမ ဒေါ်အလေးမီးက အဖွင့်ဆုတောင်း ချီးမွှမ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာ တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မေတ္တာရှေ့ ထား၍ ကမ္ဘာမြေငြိမ်းချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင် ကြစေလိုကြောင်း၊ မေတ္တာပေး၍ မေတ္တာပြန်ယူကြ စေလိုကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်း ပါစေ၊ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ၊ လောကီသား အားလုံးမေတ္တာ၊ ကရုဏာထားနိုင်ပါစေဟု ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လီဆူ အသင်းတော် တိုင်းရင်းသားမိသားစုများအား သမ္မာ ကျမ်းစာအုပ်များ ခရစ္စမတ်လက်ဆောင် ပေးအပ် ပြီး လီဆူတိုင်းရင်းသားများကလည်း ခရစ္စမတ် လက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် သင်းအုပ်ဆရာတော် ဆရာချာလူး က ကောင်းချီးပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
သတင်းစဉ်