
နေပြည်တော် ဩဂုတ် ၂၇
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း သည် ယနေ့ နံနက် ၁၀ နာရီတွင် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director Mr. Newin Sinsiri နှင့် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ Credit Guarantee Corporation (CGC) တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ်မှ လိုအပ်သည့် ငွေကြေးအကူအညီနှင့် နည်းပညာ ပံ့ပိုးပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်သည့် ကျွမ်းကျင်ပညာရှင် များနှင့် ဝန်ထမ်းများ ခေါ်ယူခန့်ထား ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရည်မှန်း ထားသည့် အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွား မည့် ကိစ္စရပ်များနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွား မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲ ပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်