
နေပြည်တော် ဩဂုတ် ၂၇
လွှတ်တော် ကိုယ်စားလှယ်များ အတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက် အလက်များ မိတ်ဆက်ခြင်း အခမ်း အနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဆောင် Learning Center (Room-1) ၌ ကျင်းပရာ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရေးအဖွဲ့ JCC ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်များ အတွက် သက်ဆိုင်ရာမြို့နယ်များ၏ အချက်အလက်များကို အနီးစပ်ဆုံး ပြုစုထားရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်များမှာ လိုအပ်သည့် လူဦးရေ သန်းခေါင်စာရင်း၊ ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေး၊ မြေယာ ကိစ္စရပ်များကို အဓိကသတင်းအချက် အလက် အရင်းအမြစ် သုံးခုဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကုလ သမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) Website စာမျက်နှာများမှ ရယူပြီး UNDP/ IPU နှင့် လွှတ်တော်ရုံးများရှိ သုတေသနဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အချက်အလက်များကို ရှာဖွေပြုစုထားရှိသည့် စာအုပ် ဖြစ်သည့်အတွက် ကိုယ်စားလှယ်များ အထောက်အပံ့ရရှိနိုင်မည် ဖြစ်ပါ ကြောင်း၊ အဆိုပါစာအုပ်ကို အသုံးပြု၍ မိမိတို့ဒေသအတွက် အကျိုးရှိရှိ အောင်မြင်စွာ အသုံးချနိုင်ပါစေ ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ UNDP/IPU မှ တာဝန်ခံများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်