မြန်မာနိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်သည့် အဆိုကို ထပ်လောင်းကန့်ကွက်

 

ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ 
လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်

 

ကုလသမဂ္ဂအထွေထွေညီလာခံ၏      တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစု များ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် လုံးဝပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၉-၁၁-၂၀၂၁ ရက်တွင်   သတင်း ထုတ်ပြန်ခဲ့မှုကို ပြန်လည်ရည်ညွှန်းအပ်သည်။ ၁၆-၁၂-၂၀၂၁ ရက် တွင် ကျင်းပခဲ့သည့် (၇၆)ကြိမ်မြောက်    ကုလသမဂ္ဂအထွေထွေ ညီလာခံ၏  မျက်နှာစုံညီအစည်းအဝေးတွင်   ယင်းဆုံးဖြတ်ချက် အဆိုကို  အတည်ပြုခဲ့သည့်အပေါ်   နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းကန့်ကွက်သည်။

 


မြန်မာနိုင်ငံအနေဖြင့် ယင်းအဆိုမူကြမ်းကိုမဲခွဲရန်   တောင်းဆို လေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် မဲမခွဲဘဲ အတည်ပြုခဲ့ခြင်းမှာ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံထားရပြီး နိုင်ငံတော်သစ္စာဖောက် ဖျက်မှုဖြင့်  တရားရင်ဆိုင်နေရသူက ကုလသမဂ္ဂတွင် မမှန်မကန် ကိုယ်စားပြုနေခြင်းကြောင့်ဖြစ်သည်။  ၎င်း၏ နိုင်ငံတော်အပေါ်  သစ္စာဖောက်သော လုပ်ရပ်သည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်။ 

 


လူ့အခွင့်အရေးကိစ္စရပ်များကို စဉ်းစားသုံးသပ်ရာတွင် နိုင်ငံအားလုံး တစ်ပြေးညီကျင့်သုံးရေး၊ သမာသမတ်ကျရေး၊ နိုင်ငံတစ်နိုင်ငံတည်း ကို ရွေးချယ်ပစ်မှတ်မထားရေး စသည့်ကုလသမဂ္ဂအခြေခံမူများကို ဆန့်ကျင်၍ နိုင်ငံတစ်နိုင်ငံတည်းအပေါ်   ဦးတည်ချမှတ်သည့် ဆုံးဖြတ် ချက်အဆိုများကို   မြန်မာနိုင်ငံက  အစဉ်တစိုက်ဆန့်ကျင်သည်။ ယင်းကဲ့သို့ ဆုံးဖြတ်ချက်အဆိုများကိုရေးဆွဲပြီး ဆွေးနွေးပွဲများ ဆောင်ရွက် သည့် လုပ်ငန်းစဉ်များတွင် ချို့ယွင်းမှုများရှိကြောင်း တွေ့ရှိရသည်။ ယခုဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း၌ မည်သည့်အခါကမျှ မရှိခဲ့ဘဲ ပြည်သူများက အသိအမှတ်မပြုသည့် “ရိုဟင်ဂျာ” ဆိုသော အသုံးအနှုန်းအပါအဝင် လိုရာပုံသွင်း၍ မှားယွင်းသည့် အကြောင်းအရာများနှင့် ပြည့်နှက်နေသည်မှာ လက်မခံနိုင်ဖွယ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံက ယင်းဆုံးဖြတ်ချက်အဆိုကို ပြင်းထန်စွာ  ကန့်ကွက်ပယ်ချလိုက်သည်။ 


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။