တောင်ငူမြို့၌ ကေတုမတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

တောင်ငူ   ဒီဇင်ဘာ   ၁၆


ပဲခူးတိုင်းဒေသကြီး    တောင်ငူမြို့တွင် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲက ဗိုလ်မှူး     ဖိုးကွန်းလမ်း၌      ကေတုမတီ ညဈေးဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားတွင်    ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင် များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ    ဒုတိယညွှန်ကြား ရေးမှူး    ဦးအောင်အောင်ဖြိုး   တို့က ကေတုမတီ   ညဈေးအား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ထို့နောက်  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက   ကေတုမတီ ညဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြုလုပ်နေကြသူများအား      လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။ 

 


အဆိုပါ ညဈေးအား ဗိုလ်မှူးဖိုးကွန်း လမ်းနှင့် ဆေးရုံဟောင်းလမ်းတို့တွင်  ဈေးဆိုင်ခန်းပေါင်း  ၉၃ ခန်းဖြင့် နေ့စဉ် ညနေ   ၄  နာရီမှ  ည ၈ နာရီခွဲအထိ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။      

​ခရိုင် ပြန်/ဆက်