နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

 

စစ်တွေ   ဒီဇင်ဘာ  ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်အေးနုစိန်၊ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ညွန့်ဖေနှင့်  ရခိုင်ပြည်နယ်  အစိုးရအဖွဲ့  စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ အမှတ် (၂)  အခြေခံပညာ    အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို အားပေးကာ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်     မိမိပြည်နယ်၊ မိမိမြို့နယ် မိမိတို့ကျောင်း ပညာ ရေး  ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်ပေးကြ            စေလိုပါ ကြောင်း၊ ကျောင်းသားကျောင်းသူ များကို အမှန်တကယ် စာတတ် မြောက်အောင်သင်ကြား၍ ပညာ တတ်လူငယ်များကို    မွေးထုတ် ပေးကြစေလိုပါကြောင်း စသည် ဖြင့် မှာကြားကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊     ကျောင်းနှင့် ဝန်းကျင်     သန့်ရှင်းသာယာရေး တို့ကို       ဆောင်ရွက်ကြရန်နှင့် ကျောင်းဆောင်၊   စာသင်ဆောင် လိုအပ်ချက်၊    ကွန်ပျူတာလိုအပ် ချက်၊ အားကစားကွင်းလိုအပ်ချက်  စသည်များ  ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးတို့ကို    ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


လိုအပ်ချက်များ ဖြည့်ဆည်း


ထိုမှတစ်ဆင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်     နှင့်  ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ ဘောက်သီးစု အခြေခံ ပညာမူလတန်းကျောင်း၊    ရူပ မြောက် အခြေခံပညာမူလတန်း ကျောင်း၊ တရားသီး အခြေခံပညာ မူလတန်းကျောင်းနှင့် မန်ကျည်း မြိုင်  အခြေခံပညာ  အထက်တန်း ကျောင်းခွဲများသို့ သွားရောက်၍ ကျောင်းသား    ကျောင်းသူများ ပညာသင်ကြား    နေသည်များကို လှည့်လည်   ကြည့်ရှုအားပေး၍ လိုအပ်ချက်များ     ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး      စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

 


လှည့်လည်ကြည့်ရှုအားပေး


အလားတူ     ပြည်ထောင်စု ၀န်ကြီးသည် ဒီဇင်ဘာ ၁၄ နှင့် ၁၅  ရက်တို့တွင် စစ်တွေမြို့ အမှတ်(၃) အခြေခံပညာ      အထက်တန်း ကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇)  အခြေခံပညာ      အလယ်တန်း ကျောင်းနှင့် ကျောင်းတက်လမ်း အခြေခံပညာ     မူလတန်းလွန် ကျောင်းများသို့    သွားရောက်၍ ကျောင်းသား     ကျောင်းသူများ ပညာ   သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု    အားပေးပြီး  ကျောင်းများအတွက်     စာသင် ဆောင်    လိုအပ်ချက်များ၊   ဆရာ ဆရာမ        လိုအပ်ချက်များ၊ အားကစားကွင်း    လိုအပ်ချက် စသည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။  
သတင်းစဉ်