
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အိန္ဒိယ နိုင်ငံတွင် မကြာမီက ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်ကြောင့် အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Bipin Rawat အသက်ဆုံးရှုံးခဲ့ရမှုအပေါ် မိမိအနေဖြင့် ဝမ်းနည်းပါ ကြောင်း ပြောကြားပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များတွင် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက် ပေးလျက် ရှိမှုနှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအပါ အဝင် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်