ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၁၂) ရေချမ်းအိုးအရှေ့ကွင်းရှိ မြေပိုင်ဆိုင်မှုကိစ္စ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ  ၁၅ 


မန္တလေးတိုင်းဒေသကြီး   ပြင်ဦး လွင်မြို့နယ်     ရပ်ကွက်ကြီး (၁၂)၊   ရေချမ်းအိုး       အရှေ့ကွင်းရှိ မြေကို  ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်   ညီညွတ်မှုမရှိဘဲ မြေနှင့် မသက်ဆိုင်သူကို   လုပ်ပိုင်ခွင့်ပြု ခဲ့ခြင်းအား နစ်နာသူက ကော်မရှင် သို့    တိုင်တန်းချက်   ပေးပို့လာမှု အပေါ်    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး      ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့်  ဦးကျော်မြင့်တို့   ဦးဆောင်သော ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ က   ပြင်ဦးလွင်မြို့သို့   ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့သည်။

 

ကွင်းဆင်း စုံစမ်းစစ်ဆေးရေး အဖွဲ့သည် တိုင်တန်းချက် ပေးပို့သူ အား    စစ်ဆေးမေးမြန်းအတည်  ပြုချက်  ရယူခဲ့ပြီး  ဒီဇင်ဘာ  ၁၃ ရက်မှ ၁၅ ရက်အထိ ပြင်ဦးလွင် ခရိုင်     အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန      ပြင်ဦးလွင်မြို့တွင် အခြေပြု၍ သက်ဆိုင်သည့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင် သူများကို     စစ်ဆေးမေးမြန်းခြင်း နှင့် အချင်းဖြစ်မြေနေရာသို့ ခရိုင်၊ မြို့နယ်နှင့်    ကျေးရွာအုပ်စုတို့မှ တာဝန်ရှိသူများနှင့်             အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 


စစ်ဆေး       တွေ့ရှိချက်များ အပေါ်    အခြေခံ၍   တွေ့ရှိချက်၊ သုံးသပ်ချက်နှင့်    အကြံပြုချက် များကို ကော်မရှင်မှ သက်ဆိုင်ရာ သို့ ဆက်လက်ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်