မွန်ပြည်နယ်ဝန်ကြီးချုပ် ပေါင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

 

ပေါင်  ဒီဇင်ဘာ  ၁၅


မွန်ပြည်နယ် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေကျပ်  ၅၂  သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီမှ    တာဝန်ယူဆောက်လုပ်သည့် ဂါလန် ၂၄၀၀ ဆံ့  အမြင့်ပေ ၃၀ ရေစင်၊   ရေစက်ရုံ၊   ရေတွင်းတူးခြင်း၊   ရေပိုက် သွယ်တန်းခြင်းလုပ်ငန်းများ   ဆောင်ရွက်ပြီးစီးမှုများကို  ဒီဇင်ဘာ  ၁၃  ရက်က ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်   ဌာနဆိုင်ရာတာဝန်ရှိသူ များက  ကြည့်ရှုစစ်ဆေးရာ   ပြည်နယ်ဦးစီးမှူးက အကျိုးပြုအိမ်ခြေ   ၅၀  လူဦးရေ   ၂၀၀  အတွက် လုံလောက်စွာပေးဝေနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်၊၊

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည်      အားကစားနှင့် ကာယပညာဦးစီးဌာန ဖူဆယ်ဘောလုံးကွင်း    ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ  ပြည်နယ်ဦးစီးမှူးက  မြက်ခင်းတု ခင်းကျင်းနေမှု၊ မီးရရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ  ပြည်နယ်ဝန်ကြီးချုပ်က   ပြည်သူများ ကစားကွင်းအတွင်း  အမြန်ကစားနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်၊၊

 


ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်  ပေါင်မြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌   ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်  ဒေသန္တရ စီမံကိန်းတွင်   ပါဝင်သော    ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင် ပညာရေး၊  ကျန်းမာရေး၊   စီးပွားရေး၊   လမ်းပန်း ဆက်သွယ်ရေး၊  ရေရရှိရေးလုပ်ငန်းများကို အဓိက ထားဆောင်ရွက်စေရေး၊ မီနီဘတ်ဂျက်လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်စေရေး၊ ဌာနဆိုင်ရာ များအနေဖြင့် ပြည်သူလူထုနှင့်ပူပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမှုနှင့် ပန်းခင်းစီမံချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးပြောကြားသည်၊၊

 


ထို့နောက်  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မီနီ ဘတ်ဂျက်အတွင်း လုပ်ငန်းများစတင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း   ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို    ရှင်းလင်းတင်ပြရာ   ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့် အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်း   ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်၊၊


မြို့နယ်(ပြန်/ဆက်)