စပိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၉၈၀၂ ဦးရှိ

မက်ဒရစ်  ဒီဇင်ဘာ  ၁၄


စပိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၈၀၂ ဦး  ထပ်မံတွေ့ရှိခဲ့ ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


ထို့ကြောင့်   စပိန်နိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၃၃၉၉၉၂ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်    သေဆုံးသူစုစုပေါင်း ၈၈၄၈၄ ဦးရှိလာကြောင်း သိရသည်။ စပိန်နိုင်ငံ၌ လွန်ခဲ့သည့် သုံးရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သိသိသာသာမြင့်တက်လာခဲ့ ခြင်းဖြစ်ပြီး      ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များ အကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည်လည်း မြင့်တက်မှုရှိခဲ့ကြောင်း   စပိန်ကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြုပြောကြားသည်။


စပိန်နိုင်ငံသည်     အဆိုပါအသက်အရွယ်ရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရန် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၁ ဒသမ ၃၆ သန်းအနက်မှ ပထမဆုံး အသုတ်ကို  ဒီဇင်ဘာ ၁၃ ရက်တွင်  ရရှိခဲ့ကြောင်း သိရသည်။


စပိန်နိုင်ငံ၌      ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည့်အပြင် အာဖရိက၌ စတင် တွေ့ရှိသည့်  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက် မှုသည်လည်း   မြင့်တက်လျက်ရှိကြောင်း   စပိန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်