ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း ၇၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


 

နေပြည်တော်   ဒီဇင်ဘာ   ၁၄
ပြည်ကြီးတံခွန်    မြို့နယ်တွင် ငွေကျပ်သိန်း ၇၉၀၀ ကျော်တန်ဖိုး ရှိ  မူးယစ်ဆေးဝါးများ   ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်     ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်း ၁၃၉(B)လမ်းနှင့် ၁၃၉(C)လမ်းကြားတွင်  ရပ်တန့် ထားသည့်    မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ  ယာဉ်မောင်း သန့်ဇင်ဦး(၂၆)နှစ်၊  မိုးဟိန်း (၂၄)နှစ်တို့နှင့်အတူ           ဒေသကာလ တန်ဖိုး    ငွေကျပ်သိန်း   ၇၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၂၉ ကီလို၊  ဘိန်းဆီခဲ ၈ ဒသမ ၇ ကီလို၊    အိုက်စ် (မက်သ်အဖက် တမင်း) ၁ ကီလိုနှင့်  စိတ်ကြွရူးသွပ် ဆေးပြား ၇၂၀၀၀ တို့ကို    သိမ်း ဆည်းရမိခဲ့သည်။   စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား    ရှမ်း ပြည်နယ်တောင်ပိုင်းမှ မန္တလေး တိုင်းဒေသကြီးသို့   သယ်ဆောင် ခြင်းဖြစ်ကြောင်း   သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ  အရေးယူ ထားရှိပြီး   ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား    ဆက်လက် စစ်ဆေး     ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။ 
သတင်းစဉ်