စက်ရုံမှထုတ်လုပ်သည့် ပိတ်ထည်များအား အရေအတွက်ထက် အရည်အသွေးကောင်းမွန်အောင် ဦးစားပေးထုတ်လုပ်

 

 

နေပြည်တော်   ဒီဇင်ဘာ  ၁၄  
နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး     မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်     (လေ) ဗိုလ်ချုပ်ကြီး       မောင်မောင် ကျော်၊     ပြည်ထောင်စုဝန်ကြီး များ၊    ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် တိုင်းမှူး     ဗိုလ်ချုပ်ကိုကိုဦးတို့  လိုက်ပါပြီး   ယနေ့    မွန်းလွဲပိုင်း တွင်     မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ   တပ်မတော်ချည်မျှင် နှင့်    အထည်စက်ရုံ   (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ   စက်ရုံအစည်းအဝေး ခန်းမ၌ တပ်မတော်စစ်လက်နက် ပစ္စည်း     ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင် က စက်ရုံမှ ချည်ချောလုံချည်များ ထုတ်လုပ်နေမှု၊   ကျောင်းဝတ်စုံ များ  ထုတ်လုပ်၍ သက်သာသော ဈေးနှုန်းဖြင့်   ရောင်းချပေးနေမှု၊ ဝန်ထမ်းများ  သက်သာချောင်ချိ ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေး နေမှု၊ တိုင်းရင်းသားများအတွက် တိုင်းရင်းသား     ဝတ်စုံများနှင့် ကျေးလက်နေ      ပြည်သူများ အတွက်     အဝတ်အထည်များ အား   ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိမှုအခြေ အနေများကို     ရှင်းလင်းတင်ပြ သည်။
ထို့နောက်  စက်ရုံမှူး  ဦးနိုင် လင်းက     စက်ရုံသမိုင်းအကျဉ်း၊
စက်ရုံလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊  စက်ရုံမှ   ချည်မျှဉ် နှင့်အထည်များ  ထုတ်လုပ်နိုင်မှု အခြေအနေ၊ ဝန်ထမ်းများ တာဝန် ထမ်းဆောင်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  စက် စွမ်းအားပြည့် လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့် ဝန်ထမ်းများ    ထပ်မံဖြည့်တင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ထမ်းများနေထိုင်ရန် အတွက်     ထပ်မံလိုအပ်သည့် အဆောက်အဦများဆောက်လုပ် ပေးမည်ဖြစ်ကြောင်း၊  ကုန်ထုတ် လုပ်မှုများ     ဆောင်ရွက်ရာတွင် လျာထား    အရေအတွက်များ အတိုင်း ပြည့်မီအောင်ဆောင်ရွက် ရန်နှင့်     စက်ရုံစွမ်းအားပြည့် လည်ပတ်ပြီး တပ်မတော် လိုအပ် ချက်ထက်  ပိုလျှံအောင်  ဆောင် ရွက်ရန်လိုကြောင်း၊ စက်စွမ်းအား ပြည့်လည်ပတ်သည့် အချိန်တွင် ဝန်ထမ်းများ၏ လိုအပ်ချက်များ ကိုလည်း       ဖြည့်ဆည်းပေးရန် လို ကြောင်း၊ စက်ရုံပိုင်မြေများပေါ် ရှိ ငှက်ပျောစိုက်ပျိုး ဖြစ်ထွန်းနိုင် သည့်     မြေများပေါ်တွင်လည်း ကျောက်စိမ်းတစ်သျူး    ငှက်ပျော များ    စိုက်ပျိုးရန်လိုကြောင်း၊ ကျောင်းစိမ်းဝတ်စုံများအား ဈေး သက်သာပြီး     အရည်အသွေး ပြည့်မီစွာဖြင့်  ထုတ်လုပ်၍  ယခု ထက် ပိုမို ရောင်းချပေးနိုင်ခြင်းဖြင့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဈေးနှုန်းသက်သာ စွာဖြင့်     အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ စက်ရုံမှထုတ်လုပ်သည့် ပိတ်ထည်များအား အရေအတွက် ထက် အရည်အသွေးကောင်းမွန် အောင် ဦးစားပေး ထုတ်လုပ်ရန် လိုကြောင်း၊ ချည်မျှင်ထုတ်လုပ်ရန် အတွက် လိုအပ်သည့် ဝါကုန်ကြမ်း များအား  ပြည်တွင်း၌   အရည် အသွေးပြည့်မီစွာဖြင့် လုံလောက် စွာ      ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ မျိုးကောင်းမျိုးသန့်များ မှာယူအသုံးပြု၍ စိုက်နည်းစနစ် မှန်ကန်စွာဖြင့်      စိုက်ပျိုးကြရန် လိုကြောင်း၊ ၂/၈၀ ချည်များအား ပြည်တွင်း၌   ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် ကုန်ကြမ်းများနှင့် စက်ပစ္စည်းများ အား ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်း များ ထုတ်လုပ်ရောင်းချရာတွင် ဈေးနှုန်းတူပါက   အရည်အသွေး ပိုကောင်းရမည်၊ အရည်အသွေး ချင်းတူပါက   ဈေးနှုန်းသက်သာ ရမည်ဖြစ်ကြောင်း  မှာကြားပြီး ဝန်ထမ်းများ  သက်သာချောင်ချိ ရေးအတွက်   လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး 
ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး    ဦးစီး ချုပ်သည် ခင်းကျင်းပြထားသော  စက်ရုံမှ    ထုတ်လုပ်ထားသည့် ချည်ချောလုံချည်များ၊ တိုင်းရင်း သားဝတ်စုံများနှင့်   ယူနီဖောင်း ပိတ်စများကို   ကြည့်ရှုစစ်ဆေး သည်။
ချီးမြှင့်ငွေများပေးအပ်
ထို့နောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး   ဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံ အတွင်း ဝါဖန်ဌာန၊ ဗိုင်းတောင့် ဌာန၊    အကြိုအပင်ပေါင်းဌာန၊ တညင်းလုံးဌာန၊ အပင်ပေါင်းဌာန၊ ချည်ငင်ဌာန၊  ချည်ချောဌာနနှင့် အရည်အသွေးစစ်ဆေးရေးဌာန တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး   တာဝန်ရှိသူများ၏   တင်ပြ ချက်များအပေါ်    လိုအပ်သည် များ  ဖြည့်ဆည်းဆောင်ရွက်ပေး ကာ      စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။       
သတင်းစဉ်