ဇေယျာသီရိမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

 

ဇေယျာသီရိ   ဒီဇင်ဘာ  ၁၁


လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်း ပြုလုပ်ပေးခြင်းကို   ခေတ်အေးကျေးရွာ၌   ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။ 

 

       
အဆိုပါ     နိုင်ငံသားစိစစ်ရေးကတ်ပြား   ကွင်းဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စုနယ်မြေ ဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊    မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်   အဖွဲ့ဝင်များက   ကြည့်ရှုစစ်ဆေးရာ  မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး နေမှုကို လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။     

 


ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့်  သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ခေတ်အေးကျေးရွာအုပ်စုမှ ပြည်သူ ၈၅ ဦးကို နေ့ချင်းပြီး One Stop Service ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိပြည်သူများ အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက် လိုပါက  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ချိတ်ဆက်ပြီး မြို့နယ်ရုံး သို့  လာရောက်ပြုလုပ်နိုင်ကြောင်း   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဇေယျာသီရိမြို့နယ်ဦးစီးမှူး ရုံးမှ သိရသည်။ 


မြို့နယ်(ပြန်/ဆက်)