ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းအပိုင်း(၁)၊ ရန်ကုန်မှ တောင်ငူအထိ စီမံကိန်းရထားလမ်းပိုင်း သတ်မှတ်စံနှုန်းအတိုင်း အရည်အသွေးပြည့်မီရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန်လို

 

 

နေပြည်တော် ဒီဇင်ဘာ ၁၀


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး    တင်အောင်စန်း သည်    ဒီဇင်ဘာ   ၉  ရက်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး       စီမံကိန်း အဆင့်(၁)ဖြစ်သည့်      ရန်ကုန်-တောင်ငူရထားလမ်းပိုင်း  အဆင့် မြှင့်တင်ရေး စီမံကိန်း(ပြွန်တန်ဆာ စီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်း ပိုင်းပြီးစီးမှု၊ တံတားတည်ဆောက် မှုနှင့် ပျဉ်ပုံကြီးဘူတာ မွမ်းမံပြင် ဆင်မှု လုပ်ငန်းခွင်များကို ကြည့်ရှု စစ်ဆေးသည်။

 


လိုအပ်သည်များ မှာကြား


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်   ညောင် လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး      စီမံကိန်း အဆင့်(၁)၏  ပဲခူး-ညောင်လေး ပင်လမ်းပိုင်း(CP-102)စီမံကိန်းရုံး ရှင်းလင်းဆောင်တွင်    စီမံကိန်း ဆိုင်ရာ    တာဝန်ခံကုမ္ပဏီများ၊ လက်အောက်ခံ       ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင် ပြချက်များအပေါ်  ပြည်ထောင်စု ဝန်ကြီးက       လိုအပ်သည်များ မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ စီမံကိန်းနယ် မြေအလိုက် လုပ်ငန်းများဆောင်ရွက် နေကြသော    တာဝန်ခံကုမ္ပဏီမှ တာဝန်ရှိသူများ၊   ၎င်းတို့အတူ ပူးတွဲလုပ်ငန်း ဆောင်ရွက်နေကြ သည့် လက်အောက်ခံကုမ္ပဏီများ မှ တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းများ     အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် လုံခြုံရေး ဆိုင်ရာကိစ္စ၊   ငွေကြေးထုတ်ယူ  သုံးစွဲမှုဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း ၍   တင်ပြကြရာ   ပြည်ထောင်စု ဝန်ကြီးက   မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းအတိုင် ပင်ခံအဖွဲ့တို့နှင့်အတူ   တာဝန်ခံ ကုမ္ပဏီများ၊ သက်ဆိုင်ရာ လက် အောက်ခံကုမ္ပဏီများ၏ လိုအပ် ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးသည်။ 

 

ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးက  ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းသည် ရင်းနှီး မြှုပ်နှံမှုကြီးမားသည့်အပြင် အများ ပြည်သူ    သယ်ယူပို့ဆောင်ရေး (Public Transportation) အဖြစ် အရေးပါသည့်အတွက် သတ်မှတ် ချိန်အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ သတ်မှတ်စံနှုန်း အတိုင်း အရည်အသွေးပြည့်မီရေး တို့ကို အလေးအနက်ထား ဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊  စီမံ ကိန်းရုံးများနှင့် စီမံကိန်းလုပ်ငန်း ခွင်များတွင် ကိုဗစ်-၁၉ ကူးစက်  ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ပတ် သက်၍ ကျန်းမာရေးဝန်ကြီးဌာန ၏    ညွှန်ကြားချက်များအတိုင်း  တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊    ကုမ္ပဏီများမှ တင်ပြသည့်   ကိစ္စရပ်များအပေါ်  မြန်မာ့မီးရထားနှင့် ကုမ္ပဏီများ အကြား စနစ်တကျ    ပေါင်းစပ် ညှိနှိုင်းဖြေရှင်း  ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း မှာကြားသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် ပြွန်တန်ဆာဘူတာ သို့ရောက်ရှိပြီး ဘူတာယာဒ်ဝင်း  တစ်ဝိုက်    သန့်ရှင်းသပ်ရပ်ရေး၊  ပြုပြင်မွမ်းမံမှု   ဆောင်ရွက်ရေး ကိစ္စရပ်များကို  မှာကြားသည်။  ဆက်လက်၍       ပြည်ထောင်စု ဝန်ကြီးသည်   ဒုတိယဝန်ကြီးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ  နှင့်အတူ   ပြွန်တန်ဆာဘူတာမှ RBE ရထားဖြင့်ထွက်ခွာပြီး ဒိုက်ဦး- ဖောင်တော်သီလမ်းပိုင်း   မိုင်တိုင်  အမှတ်(၈၀/၆-၇)၌ တည်ဆောက် နေဆဲဖြစ်သည့်    တံတားအမှတ် (၁၁၁) ကောလိယတံတား တည် ဆောက်ရေး     လုပ်ငန်းခွင်အား  လှည့်လည်ကြည့်ရှု  စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက် ဖောင်တော်သီ-ဘုရားကြီးလမ်းပိုင်း   ရထားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးပြီး ရထား လမ်းများ စံချိန်မီအရည်အသွေး  ကောင်းမွန်စေရေး အလေးအနက် ထား   ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည် ပျဉ်ပုံကြီး ဘူတာ မွမ်းမံပြင်ဆင်မှုကို ကြည့်ရှု စစ်ဆေးပြီး ဘူတာသန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ အဆောက်အဦ ရေရှည် တည်တံ့အောင် ထိန်းသိမ်းဆောင် ရွက်ရေး၊   ဘူတာအဆောက်အဦ သစ်တွင် လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းပေး၍    လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရေး  တာဝန်ရှိသူများကို    မှာကြားခဲ့ ကြောင်း  သိရသည်။  


သတင်းစဉ်