နေပြည်တော် ဒီဇင်ဘာ ၈
အများပြည်သူ  ပျော်ရွှင်စေရန်၊  အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက်    မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ် များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  “ကိုကိုတို့အငြိမ့်” ဖျော်ဖြေပွဲကို ဒီဇင်ဘာ  ၁၁ ရက် (စနေနေ့) ည ၈ နာရီ  သတင်းအပြီးတွင်    မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား၏  MRTV-HD  Channel  မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို   လူရွှင်တော်   ဒိန်းဒေါင်က   စီစဉ်ပြီး      ဟာသမင်္ဂလာ       ရွှေဆိုင်းတော်အဖွဲ့၏     တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ရွှေတံဆိပ် ဆုရှင် ဝါဝါခိုင်၊ ရှေ့ထွက် မင်းသမီး ဒီဒီး၊ လူရွှင်တော် များဖြစ်ကြသည့်    ရွှင်ပျော်၊  ရာဇာပေါက်စီ၊ ဝက်မ နှင့်  စိန်ပန်းသီး  တို့က  ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဒီဇင်ဘာ  ၁၅  ရက် (ဗုဒ္ဓဟူး နေ့)   မွန်းလွဲပိုင်း   National   News    အစီအစဉ် အပြီးတွင်  ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။          
သတင်းစဉ်
      


