နေပြည်တော် ဒီဇင်ဘာ ၈
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family  Quiz)   ပွဲစဉ်  (၄၄)  ကို ဒီဇင်ဘာ   ၁၀  ရက်  ညနေတွင် မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား မှ       ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။ 
အဆိုပါ    ကိုဗစ်-၁၉  ဆိုင်ရာ အသိပညာပေး   အစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် မော်ဒယ် ဂျေနော တို့က တင်ဆက်ကြမည် ဖြစ်ပြီး   လူရွှင်တော်အသင်းနှင့်  ကိုလူချောတို့အဖွဲ့မှ မိသားစုများ က  ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ          ယင်းပြိုင်ပွဲများကို  ဒီဇင်ဘာ (၁၀၊ ၁၁၊ ၁၂) ရက်များတွင်  မြန်မာ့အသံ နှင့်     ရုပ်မြင်သံကြား၏   ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။                      
သတင်းစဉ်
      


