စာရေးဆရာ အေးမျိုးကြည် ရေးသားသည့် ပရိုဗီမင်ပေါ်မှာ …နှင့် အခြားဝတ္ထုတိုများစာအုပ် ထုတ်ဝေထွက်ရှိနေပြီဖြစ်သည်။
အဆိုပါစာအုပ်တွင်   အမျိုး သားစာပေ တစ်သက်တာဆုရ ဦးစိန်လှိုင် (မဟာဝိဇ္ဇာ)၊  ကဗျာ ဆရာကြီး ဆရာသူရဇော်တို့၏ အမှာစာများ အပါအဝင် သုတ၊ ရသပေးစွမ်းနိုင်သည့် ဝတ္ထုတို များ ရေးဖွဲ့ထားသည်။
စာအုပ်တွင် အဆော့တကိတ်နှင့် ကျောနက်ချိပ်၊  ဤသို့ဖြစ်ဖူး သည်၊ လပြည့်နေ့၊  ရေထဲကမီးလျှံ၊ တပေါင်းမှတ်တမ်း ဇာတ်လမ်း တစ်ပုဒ်၊ တန်ဖိုးရှိသောလူ  စသည့်   ဝတ္ထုတိုကောင်း ၁၀ ပုဒ်ဖြင့် စာမျက်နှာ ၁၆၀ ပါရှိသည်။
ယင်းစာအုပ်ကို ပထမအကြိမ်အဖြစ်   ရှင်မတောင်စာပေမှ ထုတ်ဝေဖြန့်ချိပြီး တစ်အုပ်လျှင် ကျပ် ၂၀၀၀ ဖြင့် ဝယ်ယူဖတ်ရှု နိုင်ကြောင်း သိရသည်။  
                                    
မြန်မာ့အလင်း
      


