
ဘိုကလေး ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် အခြေခံပညာ ဆရာ ဆရာမသစ်လွင်များ မွမ်းမံ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ပိုင်းက ကျင်းပရာ သင်တန်းဆင်း ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခု သင်တန်းတက်ရောက်ကြသူ များသည် အနာဂတ်သားကောင်း ရတနာများအား မွေးထုတ်ပေးကြ မည့် ဆရာ ဆရာမများဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာ၊ ကရုဏာတို့ကို အခြေခံ၍ ကျောင်းသား ကျောင်းသူ များ အတွက် စံပြနမူနာဖြစ်အောင် ကျင့်ကြံပြုမူ နေထိုင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပညာရေးဒီဂရီ ကောလိပ်အတွက် ထောက်ပံ့ငွေ ကျပ် ငါးသိန်းပေးအပ်ရာ ပညာ ရေး ဒီဂရီကောလိပ်ကျောင်းအုပ် ကြီးက လက်ခံယူပြီး သင်တန်းတွင် ထူးချွန်သည့် သင်တန်းသား သင်တန်းသူ ခြောက်ဦးကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုချီးမြှင့်ပေး အပ်သည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ် အမှတ်(၁၀)ရပ်ကွက် ဦးလှသိန်းလမ်းရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းသို့သွားရောက်ပြီး တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ သင်တန်း ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း ပေးအပ်ရာ သင်တန်း ကျောင်း၏ ကျောင်းအုပ်ကြီးက လက်ခံယူကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)