
နေပြည်တော် ဒီဇင်ဘာ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ပိုမိုအောင်မြင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ဦးစီး ဌာနများမှ တိုင်းဒေသကြီးတာဝန်ခံများ၊ မြို့နယ် သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အလုပ်အကိုင် အခွင့် အလမ်းများရရှိရန်၊ အရင်းအနှီးများ ရရှိရန်နှင့် ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရန် စသည့်လုပ်ငန်းများကို မိမိတို့ဝန်ကြီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေပါ ကြောင်း၊ တရုတ်နိုင်ငံမှ ချေးယူထားသော EXIM Bank ချေးငွေကိစ္စကို စိစစ်ဖြေရှင်းပြီး ချေးငွေ လက်ကျန်များ ပြန်လည်ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နှင့် မတ္တရာ မြို့နယ်တို့တွင် ဆိတ်၊ နွား စသည့်မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လိုသူများကို ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုထံ ချေးငွေများ ကူညီထောက်ပံ့ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် “အရှုံးမရှိ၊ အမြတ်မယူ” စနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးနေဒွန်းကျေးရွာသို့ ရောက်ရှိ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက် နေမှုကိုလည်းကောင်း၊ ရေသရောက်ကုန်းကျေးရွာ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော အလျား ပေ ၉၆၀ ၊ အနံ ၁၂ ပေနှင့် အမြင့် ၉ လက်မရှိ ကတ္တရာလမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ကတ္တရာလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း အတွက် အလှူငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်