
နေပြည်တော် ဒီဇင်ဘာ ၈
(၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ယနေ့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပသည်။
အစည်းအဝေးသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီနှင့် အဆင့်မြင့်အရာရှိ ကြီးများ၊ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနှင့် အာဆီယံ ဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialized Meteorological Center) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီက သဘာပတိအဖြစ် ဆောင်ရွက်သည်။
ပူးပေါင်းဆောင်ရွက်သွားမည်
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယနေ့ကမ္ဘာတွင် သဘာဝသယံ ဇာတများ ရှားပါးခြင်း၊ သစ်တော ပြုန်းတီးခြင်း၊ သဘာဝဂေဟစနစ် ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲအရင်း အမြစ်များ ယိုယွင်းလာခြင်း၊ ရေညစ်ညမ်းမှုနှင့် လေညစ်ညမ်း မှုစသည့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှု မျိုးစုံဖြင့် ခြိမ်းခြောက်လျက်ရှိ ကြောင်း၊ မဲခေါင်ဒေသအတွင်း သစ်တောများ၊ ဒေသမျိုးရင်းအပင် များနှင့် တိရစ္ဆာန်များ၊ သတ္တု တွင်းထွက်ပစ္စည်းများ၊ စိမ့်မြေများ နှင့် အဏ္ဏဝါအရင်းအမြစ်များ စသည့် ထူးခြားကွဲပြားသော ဂေဟစနစ်များ ကြွယ်ဝသော် လည်း ယခုအခါ ပျက်စီးယိုယွင်းမှု များနှင့် ကြုံတွေ့နေမှုအပေါ် ကာကွယ်နိုင်ရေးအတွက် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ အထူး သဖြင့် တောမီးများနှင့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်း မှုသည် မဲခေါင်နိုင်ငံများ အပါ အဝင် အာဆီယံဒေသအတွင်း အရေးတကြီး ပူးပေါင်းဖြေရှင်း ရမည့် ဒေသအတွင်း ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသား အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်း စီမံချက်ကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချ ခြင်း သဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် မဲခေါင်ဒေသနိုင်ငံ အားလုံးနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သုံးသပ်ဆွေးနွေး
ဆက်လက်၍ အာဆီယံ ဆိုင်ရာ မိုးလေဝသဌာနမှ မဲခေါင် ဒေသအတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ် ခဲ့မှု အခြေအနေများကို သုံးသပ် တင်ပြဆွေးနွေးခြင်း၊ (၁၆) ကြိမ် မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစီရင်ခံစာ ကို မြန်မာနိုင်ငံ ကိုယ်စားလှယ်မှ တင်ပြဆွေးနွေးခြင်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ကိုယ်စား လှယ်မှ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆိုင်ရာ၊ အာဆီယံပူးပေါင်း ဆောင်ရွက်ရေး လမ်းပြမြေပုံ ဆိုင်ရာ၊ အာဆီယံသစ်ဆွေးမြေ စီမံခန့်ခွဲမှု မဟာဗျူဟာဆိုင်ရာတို့ အပေါ် သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
သုံးသပ် ဆွေးနွေးချက်များ အပေါ် အာဆီယံဆိုင်ရာ မိုးလေ ဝသဌာနက နည်းပညာပိုင်းဆိုင်ရာ ကူညီမှုများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွားရန်၊ နိုင်ငံ အလိုက် မီးလောင်ကျွမ်းမှုလျော့ကျ ရေး လုပ်ငန်းစီမံချက်များ ချမှတ် ပြီး အကောင်အထည်ဖော် ဆောင် ရွက်ရန်၊ ဒေသအတွင်း ပူးပေါင်း ဆောင်ရွက်ခြင်းကို မြှင့်တင်သွား ရန်နှင့် ချင်းရိုင်(၂၀၁၇)လုပ်ငန်း စီမံချက်အရ မီးလောင်ကျွမ်းမှု အရေအတွက် (Hot Spot)လျော့ကျရေး ရည်မှန်းချက် ပြင်ဆင်ခြင်းတို့ကို အစည်းအဝေး မှ အတည်ပြု သတင်းထုတ်ပြန် ခဲ့သည်။
ယင်းနောက် ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်တို့က ဒေသအတွင်း နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး အစည်း အဝေး သဘာပတိ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ ရေး လမ်းပြမြေပုံ ရည်မှန်းချက် များ အောင်မြင်ရေးအတွက် ပိုမို မြှင့်တင်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်သဖြင့် ဆွေးနွေး ပေးသော ဝန်ကြီးများနှင့် အဆင့် မြင့် ကိုယ်စားလှယ်များ၊ ပညာရှင် များအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ မေမြို့ ထင်းကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံ သစ်တောကျောင်း လေ့ကျင့်သင်ကြားရေး သစ်တော ဧက ၅၀၀ သို့သွား၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ကျွန်းရတနာ ရှင်းလင်း ဆောင်၌ လေ့ကျင့်ရေးသစ်တော နှင့် ပတ်သက်သည့် အချက် အလက်များအား ရှင်းလင်းတင်ပြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မေမြို့ ထင်းကြိုးဝိုင်း အတွင်း တိုးတက်ကောင်းမွန်လာ သော တောအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝ တောထိန်းသိမ်းမှု ကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် အတွက် လေ့ကျင့်ရေးသစ်တော အား ဆက်လက်၍ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်