နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)၊ ပြင်ဦးလွင်ဘူတာနှင့် ပြင်ဦးလွင်မြို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

မိမိတို့နိုင်ငံတွင်း အဖြစ်အများဆုံးရောဂါများကို သုတေသနပြု၍ လိုအပ်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့် ပြည်သူများအတွက် အဓိကအထောက်အကူပြု အကျိုးပြုသည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်

 

နေပြည်တော် ဒီဇင်ဘာ ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့်      ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊        ကောင်စီတွဲဖက် အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊     ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးလှမိုး၊      ဒေါက်တာ မျိုးသိန်းကျော်၊  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့နံနက်ပိုင်းတွင်     ပြင်ဦးလွင်မြို့ အနီးစခန်းရှိ RVK Myanmar Co., Ltd. သို့ ငှားရမ်းဆောင်ရွက်ထားသည့်   မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက်ရုံ(ပြင်ဦးလွင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ဦးစွာ   စက်ရုံအစည်းအဝေးခန်းမ တွင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက  စက်ရုံ သမိုင်းအကျဉ်း၊   အာဆီယံလုပ်ငန်းခွင်  ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်၏ ASEAN OSHNET အား ၂၀၁၈ ခုနှစ်တွင်   စတုတ္ထဆုရရှိခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ Excellent Award ဆုကို   မြန်မာနိုင်ငံ ကိုယ်စား  ရရှိခဲ့မှုအခြေအနေ၊    စက်ရုံ အတွင်း      ဌာနအလိုက်ဝန်ထမ်းများ ခန့်အပ်ထားရှိမှုအခြေအနေ၊    စက်ရုံမှ ဆေးဝါးများ  နှစ်အလိုက်ထုတ်လုပ်ခဲ့မှု နှင့်  ပြင်ပဌာနများသို့ ကူညီဆောင်ရွက် ပေးနေမှုအခြေအနေ၊   ဆေးများအရည် အသွေးပြည့်မီစွာ     ထုတ်လုပ်နိုင်ရေး အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက် မှုအခြေအနေများကို  ရှင်းလင်းတင်ပြ သည်။


ပြည့်မီစွာထုတ်လုပ်နိုင်ရေး


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က    မြန်မာနိုင်ငံအတွက် အဓိကလိုအပ်သည့်    ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ကုသထိန်းချုပ် ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ် သည့် ဆေးဝါးများအား သုတေသနပြု၍  ပြည့်မီစွာထုတ်လုပ်နိုင်ရေး ဆောင်ရွက် ရန်၊      ဆေးဝါးများထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြည်တွင်းလိုအပ်ချက်ရှိသည့် ဆေးဝါးများအနက်မှ မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ဆေးဝါးများ ပြည့်မီ အောင်   ပြည်တွင်း၌   စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက်    ဈေးကွက် လိုအပ်ချက်အား   သုတေသနပြုလုပ်၍ ဆောင်ရွက်ရန်၊  အရည်အသွေးပြည့်မီ သော ကုန်ကြမ်းများ အသုံးပြု၍ အရည်  အသွေးပြည့်မီသည့်     ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ မိမိတို့  နိုင်ငံတွင်း အဖြစ်အများဆုံးရောဂါများကို  သုတေသနပြု၍ လိုအပ်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့် ပြည်သူများအတွက် အဓိကအထောက်အကူပြု အကျိုးပြုသည့်  ဆေးဝါးများ ထုတ်လုပ်နိုင်ရေးဆောင်ရွက် ရန်၊  ကိုဗစ်-၁၉  ရောဂါ ဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း လူ့အသက်ထက် အရေး ကြီးသည်မှာ မရှိဟူသော မူဝါဒအတိုင်း လိုအပ်သည့် ဆေးဝါးများကို ပြည်ပနိုင်ငံ များမှ တင်သွင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ ချိန်တွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း ကြောင့်  ပြည်တွင်း၌လိုအပ်သည့် အခြေခံ ဆေးဝါးများကို ပြည့်မီအောင် ထုတ်လုပ် ရန်မှာကြားပြီး     တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကို  မေးမြန်း၍  ဖြည့်ဆည်းဆောင်ရွက်ပေး သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည်      စက်ရုံမှထုတ်လုပ်ထားသည့် ဆေးဝါးများအား ကြည့်ရှု၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့ သည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ အရည် အသွေးစစ်ဆေးရေးဌာန၊       သောက် ဆေးရည်ဌာန၊ ထိုးဆေးအမှုန့် ထုတ်လုပ် ရေးဌာန၊   ဆေးပြား၊   ဆေးတောင့် ထုတ်လုပ်ရေးဌာန၊ ကုန်ကြမ်း၊ ကုန်ချော  ထိန်းသိမ်းရေးဌာနတို့အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများအရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူး ခြင်းများကို    ဆောင်ရွက်သည့်အပြင် ပြည်သူများ အလွယ်တကူ ရရှိသုံးစွဲနေ ကြသည့်   စပ်ဆေးများ၏  ဘေးထွက် ဆိုးကျိုးများကိုလည်း ကျန်းမာရေးအသိ ပညာပေးရန်လိုအပ်သည့် အခြေအနေ များနှင့်        အခြားလိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


အဆိုပါ RVK Myanmar Co., Ltd. သို့ ငှားရမ်းဆောင်ရွက်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင်   အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်၊   မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ    (ပြင်ဦးလွင်)မှ 


အာရုံကြောအားဆေးများ၊ ဆီးချိုရောဂါ ကုသဆေး၊ သွေးတိုးနှင့် နှလုံးရောဂါကုသ ဆေးများ၊  အကိုက်အခဲပျောက် အရောင် ကျဆေး၊ ဗိုက်တာမင်ဘီ အုပ်စုအားဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ လက်သန့်ဆေးရည်၊ စွမ်းအင်ဖြည့်ရန်နှင့် အီလက်ထရိုလိုက်  ညှိထိန်းဖျော်ရည်မှုန့်တို့အား    ခေတ်မီ စက်ကိရိယာများ အသုံးပြုထုတ်လုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။


လှည့်လည်ကြည့်ရှု


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ပြင်ဦးလွင်ဘူတာသို့ ရောက်ရှိ ကြပြီး ဘူတာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ          မြန်မာ့မီးရထားဌာန အထွေထွေမန်နေဂျာ   (အထက်မြန်မာ ပြည်အုပ်ချုပ်ရေး)  ဦးစိုင်းသော်လင်း၊ ရုံပိုင်ကြီး (အထူးတန်း) ဦးသိန်းကျော်ဌေး နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။


ရှင်းလင်တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပြင်ဦးလွင်ဘူတာသည် ခရီးသွားများအတွက်    အကျိုးရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊   မန္တလေး- ပြင်ဦးလွင်-နောင်ချိုရထားလမ်းများအား ရထားများ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲ၍ ရထားမောင်းချိန်များ လျှော့ချ နိုင်ရေးအတွက် ရထားလမ်းများ အဆင့် မြှင့်တင်ခြင်းနှင့်   ရထားလမ်းများအား စနစ်တကျ ထိန်းသိမ်းခြင်းများဆောင်ရွက် နေရန်လိုကြောင်း၊ ခရီးသွားများ အဆင်ပြေ စေရေးအတွက် ရထားလမ်းပလက်ဖောင်း များအား       တိုးချဲ့ဆောက်လုပ်ရန် လိုကြောင်း၊   ပြင်ဦးလွင်     ဘူတာရုံ အဆောက်အဦသည်     ရှေးဟောင်း အဆောက်အဦဖြစ်သဖြင့် ရှေးမူမပျက် ထိန်းသိမ်း၍   ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန်လိုကြောင်း      မှာကြား သည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည်    ပြင်ဦးလွင်မြို့ ကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင် က ကန်တော်ကြီးရေလှောင်ကန်ရေရှည် တည်တံ့စေရေး   အဆင့်လိုက်   ပြုပြင် ထိန်းသိမ်းဆောင်ရွက်နေမှုနှင့်    ကန် အတွင်း ရေဝင်ရောက်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ကန်တော်ကြီးရေလှာင်ကန် တည်တံ့ စေရေးအတွက် ဆောင်ရွက်ရန် လိုအပ် သည်များကို      မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။   

 
အဆိုပါကန်တော်ကြီး ရေလှောင်ကန် အတွင်း ရေဝင်ရောက်မှုနည်းပါးနေသည့် အတွက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ၏   ယခုနှစ်   စက်တင်ဘာလအတွင်း ပြင်ဦးလွင်မြို့သို့      လာရောက်သည့် ခရီးစဉ်တွင် ကန်တော်ကြီးရေလှာင်ကန် ၏   ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများ   များပြားစေရေး အတွက်   လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများက ပြုပြင်ထိန်းသိမ်း မှုများဆောင်ရွက်ခဲ့ရာ ကန်တော်ကြီး အတွင်း  ရေဝင်ရောက်မှုမှာ  ယခင်နှစ် ကာလတူတွင်   ရေလှောင်ကန်အတွင်း ရေအမှတ် ၁၁ ပေသာရှိခဲ့ရာမှ ယခုအခါ တွင် ၁၉ ဒသမ ၄ ပေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်