စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပ

နိုင်ငံတော်နှင့် တပ်မတော်အတွက် ယုံကြည်အားထားရသည့် သူရ၊ သတ္တိနှင့်ပြည့်စုံပြီး အမှားအမှန်၊ 
အဆိုးအကောင်းကို ပိုင်းခြားဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်ကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်

 

နေပြည်တော်   ဒီဇင်ဘာ    ၇


စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)   ဗိုလ်ချုပ်ကြီး  ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊    မန္တလေးတိုင်းဒေသကြီး    ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေး မြို့တော်ဝန်၊     စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊         တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်   ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၆၃)မှ အောင်စစ်သည်ဆု ရရှိသူ   ဗိုလ်လောင်းအမှတ် ၃၄၅၀၁၊ ဗိုလ်လောင်း ဖြိုးမင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၄၇၇၂၊  ဗိုလ်လောင်း အောင်နန္ဒ၊  စာပေ ထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၅၈၉၊ ဗိုလ်လောင်း တေဇ၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၀၊         ဗိုလ်လောင်း ဟိန်းဘိုဘိုအောင်၊

P ရှေ့ဖုံးမှ
စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ   ဗိုလ်လောင်းအမှတ် ၃၄၇၁၉၊ ဗိုလ်လောင်း အာကာဇော်ဝင်း တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း   ပြောကြားရာတွင်   အမိ စစ်တက္ကသိုလ်မှ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိကောင်း များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)    တပ်ရင်း၊   တပ်ဖွဲ့အသီးသီးတွင်    ပြန်တမ်းဝင်အရာရှိ ခေါင်းဆောင်ငယ်များအဖြစ်  စတင်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည်  သစ္စာလေးချက်ကို  နေ့စဉ်ရွတ်ဆို ဦးထိပ်ပန်ဆင်ထားသူများဖြစ်ပြီး   နိုင်ငံအတွက်   အရေးကြုံလာပါက စွန့်လွှတ်စွန့်စားစွာဖြင့်       တာဝန်ထမ်းဆောင်တတ်သူများလည်း ဖြစ်ကြောင်း။
နိုင်ငံတော်၏ကြီးလေးသော    ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည့်သူများဖြစ်သဖြင့် မိမိတို့၏ တာဝန်နှင့်လုပ်ငန်းအပေါ် ဂုဏ်ယူတတ်ကြရန်လိုကြောင်း၊   ထို့ကြောင့်   ပေးအပ်လာမည့် ရည်မှန်းချက်တာဝန်များကို ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးနှင့် ဦးလည် မသုန် ကျေပွန်စွာထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။


လေ့ကျင့်မွေးထုတ်ပေးခဲ့


စစ်တက္ကသိုလ်သည်  ၁၉၅၄ ခုနှစ်  ဩဂုတ်လ ၁ ရက်နေ့တွင် စတင်သန္ဓေတည်ခဲ့ပြီး အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် တန်ဖိုးထားရသည့်   “နောင်တစ်ခေတ်၏ အောင်စစ်သည်”  များကို လေ့ကျင့်မွေးထုတ်ပေးခဲ့သည်မှာ သင်တန်းအမှတ်စဉ်(၆၃)ခုထိ ရှိခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန်အတွက် ခိုင်မာသည့် သန္နိဋ္ဌာန် စိတ်ဖြင့် မိမိသဘောဆန္ဒအလျောက် တပ်မတော်ကို ဝင်ရောက်လာခဲ့သူ များဖြစ်သဖြင့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော် နှင့် တပ်မတော်အတွက် ယုံကြည်အားထားရသည့် သူရ၊ သတ္တိနှင့်ပြည့်စုံ ပြီး   အမှားအမှန်၊  အဆိုးအကောင်းကို  ပိုင်းခြားဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်ကောင်းများအဖြစ်    လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း။


ခေါင်းဆောင်လုပ်သူများသည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ တွေးခေါ်မြော်မြင်နိုင်ရန်အတွက် မသိမဖြစ် ဗဟုသုတများ ကြွယ်ဝရန် လိုအပ်သဖြင့်  အမြဲတစေ စာပေဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာဖတ် ခြင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြစ်စေသည့်အပြင် အတွေး အခေါ် အယူအဆများ  မြင့်မားစေသည့်အတွက် တစ်ဦးချင်းစီ၏ အသိ ပညာ အတတ်ပညာကြွယ်ဝစေပြီး မိမိဘဝကို တိုးတက်စေနိုင်သည့် စာအုပ်စာပေ ဗဟုသုတများကိုလည်း လေ့လာမှတ်သားရမည်ဖြစ် ကြောင်း၊ မိမိလုပ်ငန်းတာဝန်နှင့် သက်ဆိုင်သမျှကိုလည်း သိရှိအောင် အမြဲကြိုးစားနေမည်ဆိုပါက အောင်မြင်မှုအခွင့်အလမ်းများ မလွဲမသွေ ရရှိမည်ဖြစ်ကြောင်း။
ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စစ်လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနှင့် စစ်မှုနည်းပညာ များကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လေ့ကျင့်ရေးမူဝါဒအတိုင်း စဉ်ဆက်မပြတ် ကြိုးစား သွားကြရမည်ဖြစ်ပြီး စွမ်းရည်ပြည့်ဝသည့် စစ်သည်တော်ကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။


စံနမူနာပြဖြစ်ရန် လိုအပ်


မိမိတို့တပ်မတော်သားများသည် အချိန်အခါမရွေး၊ နေရာဒေသ မရွေး၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးကို အလေးထားကြရန်လိုအပ် ကြောင်း၊ တပ်မတော်သည်  နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက်အပြန်အလှန်လေးစားမှုနှင့် ရဲဘော် ရဲဘက်စိတ် မွေးမြူပြီး တပ်မတော်သားကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော်၏ အစဉ်အလာ ကောင်းများကို စောင့်ထိန်းကြရမည့်သူများဖြစ်သဖြင့် စည်းကမ်းအရာ တွင် စံနမူနာပြဖြစ်ရန် လိုအပ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်သကဲ့သို့ အသက်ဝိညာဉ်လည်း ဖြစ်ကြောင်း။ 
တပ်မတော်ကို စတင်ဝင်ရောက်စဉ် ပထမဆုံး သင်ကြားလေ့ကျင့် ပေးသည့်  ဘာသာရပ်မှာ  အခြေခံစစ်ရေးပြခြင်းဘာသာရပ်ဖြစ်ပြီး စစ်ရေးပြခြင်း၏ ရည်ရွယ်ချက်မှာ စစ်စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့် နှင့် တာဝန်ကို နာခံတတ်ခြင်းပင်ဖြစ်သဖြင့် တပ်မတော်သားတိုင်း၏ အခြေခံသည် စစ်စည်းကမ်းက စတင်ခြင်းဖြစ်ကြောင်း။


အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာနှင့် အဓွန့်ရှည်ကြာစွာရပ်တည်နိုင်ရန်အတွက်   မှန်ကန်သည့်မူဝါဒ၊  တိကျခိုင်မာသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျ ဖွဲ့စည်းလေ့ကျင့်မှုများရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန်များကိုလည်း အောင်မြင် အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း စတင်သန္ဓေတည်ပေါက်ဖွားလာကတည်းက စည်းကမ်း နှင့် အမိန့်နာခံမှုကောင်းသည့် တပ်မတော်ဖြစ်သဖြင့် နိုင်ငံအတွက် အခိုင်မာဆုံး Institution ဖြစ်ကြောင်း။


တိကျစွာလိုက်နာကြရမည်


တာဝန်ထမ်းဆောင်ရာတွင်  စည်းကမ်းနှင့် အမိန့်များအပြင် စစ်သည်တော်တိုင်း လိုက်နာကြရမည့်အပါး(၆၀)သော ကျင့်ဝတ်များကို တစ်သဝေမတိမ်း လိုက်နာလုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိမည့် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် စစ်ဘက်ဥပဒေများသာမက နယ်ဘက်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေများနှင့်     ကာကွယ်ခုခံပိုင်ခွင့်အတွက်    ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ(Rules of Engagement-ROE) ကိုလည်း တိကျစွာလိုက်နာကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်တိုင် အသေးအဖွဲစည်းကမ်းများကအစ စံနမူနာပြဖြစ်စေရန် ကိုယ်တိုင် ကျင့်ကြံနေထိုင်ပြီး လက်အောက်ငယ်သားများပါ လိုက်ပါလုပ်ဆောင် စေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။


ခေါင်းဆောင်ငယ်များဖြစ်သဖြင့် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်  လိုအပ်ကြောင်း၊   ကိုယ်ကျင့်တရားကောင်းမွန်ရေး အတွက် ဘာသာရေး၊ လူမှုရေးအဆုံးအမများနှင့်အညီ ကျင့်ကြံနေထိုင် သွားရမည်ဖြစ်သည့်အပြင် သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊  မိမိဝင်ငွေနှင့် ထွက်ငွေကို မျှတအောင်သုံးစွဲတတ်ရမည်ဖြစ်ပြီး လိုချင်တပ်မက်မှုနည်းကာ ခြိုးခြံ ချွေတာစိတ်ရှိရမည်ဖြစ်ကြောင်း၊                  

 

P စာမျက်နှာ ၃ မှ
 မိမိတို့မြန်မာလူမျိုးများသည်   မျိုးရိုးဗီဇအားဖြင့်   အမျိုးသားရေး လက္ခဏာများကို    အစဉ်လေးစား  တန်ဖိုးထားကြသူများဖြစ်သဖြင့် အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားကြ ရန်လိုအပ်ကြောင်း၊ အမျိုးသားရေးလက္ခဏာနှင့် အမျိုးသားယဉ်ကျေးမှု များ   လျော့နည်းလာမည်ဆိုပါက      မျိုးချစ်စိတ်ဓာတ်သည်လည်း တိမ်ကောပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊    မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးသည်  အထူးအရေးကြီးကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေးတို့သည် မိမိတို့တပ်မတော်အတွက်သာမက တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း၊ မျိုးချစ်စိတ်ဓာတ်ဆိုသည် မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ် နိုးသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကိုထိပါက မချိအောင်နာတတ်သည့် စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမည်ဆိုသည့် စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို       လေးစားလိုက်နာပြီး   မပျက်မယွင်းအောင် ထိန်းသိမ်းလိုသည့်စိတ်များ မွေးမြူသွားကြရန် ပြောကြားလိုကြောင်း။
ပြန်တမ်းဝင်အရာရှိအဖြစ်  ခန့်အပ်ပြီး   သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမည့်သူများဖြစ်သဖြင့် မိမိကွပ်ကဲရသည့် လက်အောက်တပ်ဖွဲ့ဝင်များ ကို မှန်ကန်သည့်ခေါင်းဆောင်မှုပေးနိုင်ရန် လိုအပ်ကြောင်း၊ အခြေခံအကျဆုံး အဖွဲ့စနစ်မှစပြီး တပ်အရွယ်အစား ကြီးမားလာသည်နှင့်အမျှ ခေါင်းဆောင် များ၏အခန်းကဏ္ဍမှာ အရေးပါသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
အောင်မြင်သည့်ခေါင်းဆောင်မှုဆိုသည်မှာ ငယ်သားများအနေဖြင့် ခေါင်းဆောင်လုပ်သူ၏  လိုလားချက်တာဝန်များအပေါ် ၎င်းတို့၏ သဘောဆန္ဒအလျောက် တစ်စိတ်တစ်ဝမ်းတည်း အတူတကွ အားလုံးလိုက်ပါလုပ်ဆောင်ကြခြင်းပင်ဖြစ်ကြောင်း၊  မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ်သည့်နေရာတွင်   ရိုးသားဖြောင့်မတ်မှန်ကန်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊  ကျောသားရင်သားမခွဲခြားဘဲ   မျှတ မှန်ကန်စွာ ခေါင်းဆောင်ခြင်းများလိုအပ်ကြောင်း၊ ထို့ပြင် မိမိကိုယ်ကို စံနမူနာပြဖြစ်အောင် နေထိုင်ကျင့်ကြံရမည်၊ ခေါင်းဆောင်ကောင်း စိတ်ဓာတ်၊ မိဘသဖွယ်စိတ်ဓာတ်တို့ကို မျှတစွာ ပေါင်းစပ်အသုံးချပြီး လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ရယူရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်း ဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှုရှိရန် လိုအပ်ကြောင်း။
အဖွဲ့အစည်းတစ်ခု ခိုင်မာအားကောင်းပြီး မယိုင်မလဲရပ်တည်သွား နိုင်ရန်အတွက် အဖွဲ့အစည်းအတွင်း   စည်းလုံးညီညွတ်ရေး ခိုင်မာ အားကောင်းရန်လည်းလိုကြောင်း၊    မိမိတို့နိုင်ငံအနေဖြင့်လည်း စည်းလုံးညီညွတ်ပြီး ခိုင်မာသည့် တပ်မတော်မရှိပါက နိုင်ငံတော်သည် ယိမ်းယိုင်ချည့်နဲ့သွားနိုင်သည်ကို      မှတ်သားထားကြရန်လိုကြောင်း၊ စည်းရုံးရေးစွမ်းရည်ကောင်းမွန်ပါက အုပ်ချုပ်ရေးစွမ်းရည်နှင့် စစ်ရေး စွမ်းရည်ပါ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည့်အတွက် တပ်တွင်း စည်းလုံးညီညွတ်မှုနှင့် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို ပိုမိုကျစ်လျစ် ခိုင်မာအောင် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
အထောက်အကူများစွာပေးနိုင်မည်
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာသာမက သတင်းအချက် အလက်နှင့်    ဆက်သွယ်ရေးနည်းပညာ  (Information and Communications Technology-ICT)များ အရှိန်အဟုန်နှင့် လျင်မြန်စွာ တိုးတက်လာသည့်အတွက် စစ်မှုရေးရာများတွင်လည်း ပြောင်းလဲလာခဲ့ ကြောင်း၊    စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင်     တိုးတက်လာသည့် နည်းပညာများကို မှန်ကန်စွာအသုံးချခြင်းသည် တပ်ဖွဲ့ဝင်များအတွက် အလွန်အသုံးဝင်ပြီး အထောက်အကူများစွာ ပေးနိုင်မည်ဖြစ်ကြောင်း။
ဖြစ်ပေါ်နေသည့် နိုင်ငံ့အရေး၊ နိုင်ငံတကာအရေးများကို မပြတ် သိရှိနေရန် ဖတ်ရှုမှတ်သားလေ့လာနေကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီး ၏ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေအရ ပညာရည် မြှင့်တင်ရေးသည် အရေးကြီးသကဲ့သို့ စဉ်ဆက်မပြတ် လေ့လာမှုသည် လည်း အရေးကြီးပြီး မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် လေ့လာ၍ ပညာရယူရန်လိုကြောင်း။
ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကွန်ရက်များတွင် သတင်း အချက်အလက်များ များပြားလာမှုကြောင့် သတင်းမှား၊ သတင်းတုများ ကို တပ်မတော်သားများအနေဖြင့် အသိတရားလက်ကိုင်ထားပြီး ခွဲခြမ်း စိတ်ဖြာတတ်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးရပြီးစကာလတွင်လည်း နိုင်ငံရေးပါတီများသည် ၎င်းတို့၏ အာဏာလွန်ဆွဲပွဲတွင် အနိုင်ရရှိရေး အတွက် တပ်မတော်ကိုအသုံးချရန် တပ်မတော်အတွင်း သွေးထိုးလှုံ့ဆော် မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ ဆောင်ရွက်၍မရခဲ့သည့်အတွက် နောက်ဆုံးတွင် တပ်မတော်ကိုပြိုကွဲစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို အလေးထားလုပ်ဆောင် လာသည်ကို တွေ့ရကြောင်း၊ လူမှုကွန်ရက်များမှတစ်ဆင့် သတင်းပေါက် ကြားမှုများ ဖြစ်ပေါ်တတ်သကဲ့သို့ သတင်းမှားများ၊ ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ဖြစ်သည့်အတွက် ဉာဏ်သတိနှင့် ယှဉ်ပြီး စည်းကမ်းတကျ အသုံးပြုတတ်ကြရန် လိုအပ်ကြောင်း။ 
တိုင်းရင်းသားပြည်သူများ၏  ဆန္ဒနှင့်အညီ  ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်    ခိုင်ခိုင်မာမာ   ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရေး ဒီမိုကရေစီ ရည်မှန်းချက်များအောင်မြင်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်    ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ တပ်မတော်က  ချမှတ်ထားသည့်      ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု လျက်ရှိသည်ဆိုသည်ကို ပြောကြားလိုကြောင်း။


ဆက်လက်ကြိုးစားဆောင်ရွက်


ဒီမိုကရေစီ၏ အခြေခံအကျဆုံးအချက်သည် စည်းကမ်းလိုက်နာ ခြင်းနှင့် ဥပဒေကို တန်ဖိုးထားလေးစားခြင်းတို့ပင်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ ပြည်သူလူထု၏   ပကတိလိုအပ်ချက်သည်  ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်ဓာတ်ဖြင့်      ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် မဖြစ်မနေ လိုအပ်ကြောင်း၊   မိမိတို့နိုင်ငံ၏  ငြိမ်းချမ်းရေးကို မိမိတို့ တိုင်းရင်းသားအားလုံးကပင်   မဖြစ်မနေ  ဖော်ဆောင်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement– NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။


ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် တရားမျှတပြီး လွတ်လပ် သည့် အထွေထွေ‌ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ် ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သကဲ့သို့ ယင်းစနစ် ၏ အသက်ပင်ဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ဒီမိုကရေစီတည်ဆောက်စ နိုင်ငံမျိုးတွင် ပိုပြီးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုဆန္ဒ နှင့်အညီ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော် အနေဖြင့်    လိုအပ်သည့်အခြေခံမှစ၍  တည်ဆောက်ပေးခဲ့သည်မှာ ဒီမိုကရေစီလမ်းကြောင်း  အစိုးရနှစ်ဆက်တိုင်  လျှောက်လှမ်းခဲ့ပြီး ဖြစ်ကြောင်း၊                                                 

 

P စာမျက်နှာ ၄ မှ


ရွေးကောက်ပွဲများ၏ လွတ်လပ်မျှတမှုသည်  ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲအကြိုကာလ၊   ရွေးကောက်ပွဲကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲပြီးကာလဟူ၍ ကာလသုံးခုလုံး လွတ်လပ်မှသာ လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ခေါ်နိုင်ကြောင်း။


ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သာဖြစ်


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကာလများ၌ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်သည့် မဲမသမာမှုများသည် တိုင်းပြည် အတွက် အရုပ်ဆိုးအကျည်းတန်ပြီး ရှက်ဖွယ်ကောင်းသည့် ဖြစ်စဉ်များ ဖြစ်သကဲ့သို့ ပြည်သူပြည်သားအားလုံးနှင့် နိုင်ငံတော်အပေါ်၌လည်း ထိခိုက်နစ်နာမှုများရှိခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှု များ ဖော်ထုတ်တွေ့ရှိခဲ့သည်ကို ဒီမိုကရေစီကျင့်စဉ်အရ ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းမှုမလုပ်ဆောင်ဘဲ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခြင်း သည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သာဖြစ်ကြောင်း။ 


 ဒီမိုကရေစီကို ချစ်မြတ်နိုး၊ တန်ဖိုးထားသူတိုင်း၊  မျိုးချစ်စိတ်ဓာတ် ရှိသူတိုင်း ယခုနိုင်ငံရေးဖြစ်ရပ်ကို   နားလည်လက်ခံကြသော်လည်း ပြည်ပဩဇာခံများနှင့် မျက်စိပိတ် နားပိတ်ထားသူများသည် ဖြစ်ရပ်မှန် ကို လက်မခံနိုင်ဘဲ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင် နေကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများမှတစ်ဆင့် ပေါ်ပေါက်လာသည့် CRPH ၊ NUG ၊ PDF အမည်ခံ    အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်စည်းရုံးမှုကြောင့် အချို့သောသူများသည် အသိဉာဏ်ပညာ များ ပျောက်ကွယ်သွားရလောက်သည်အထိ ဝါဒမှိုင်းမိနေကြပြီး ပညာမဲ့ လူများ၏   လှုံ့ဆော်မှုနောက်သို့  မျက်ကန်းလမ်းလျှောက်သဖွယ် အကြမ်းဖက်မှုများတွင် ပါဝင်ဆောင်ရွက်နေကြခြင်းသည်  ၎င်းတို့၏ အနာဂတ်ကို ကိုယ်တိုင်တစ်စစီ ချေဖျက်နေခြင်းပင်ဖြစ်ကြောင်း။ 


တိုင်းပြည်ဖျက်နေခြင်းဖြစ်


အကြမ်းဖက်အဖွဲ့အစည်းများသည် စာသင်ကျောင်းများ၊ အစိုးရပိုင် နှင့် ပုဂ္ဂလိကပိုင်အဆောက်အအုံများ မီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများကို ခြိမ်းခြောက်သတ်ဖြတ် ခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများကို နှောင့်ယှက်ဟန့်တားခြင်း၊ လုံခြုံရေးတပ်ဖွဲ့များအား   ရည်ရွယ်ချက်ရှိရှိ  တိုက်ခိုက်ခြင်းသည် တိုင်းပြည်ဖျက်နေခြင်းဖြစ်သဖြင့် ပြည်သူလူထုက အကြမ်းဖက်လုပ်ရပ် အဖြစ် နားလည်လက်ခံကြသော်လည်း ပြည်တွင်းမှအစွန်းရောက်သူအချို့နှင့် အချို့နိုင်ငံများက  မျက်ကွယ်ပြုပြီး  အားပေးအားမြှောက် ပြုလုပ်နေကြကြောင်း။


ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒနှင့်အညီ ဆောင်ရွက်ရသည် ဆိုသော်လည်း အများဆန္ဒသည် စစ်မှန်ပြီး ရိုးသားသည့်နိုင်ငံရေးဖြစ်ရန် လိုအပ်ကြောင်း၊ ရိုးသားမှုမရှိသည့်   နိုင်ငံရေးသည်  စစ်မှန်သည့် ဒီမိုကရေစီဟု ပြောနိုင်ရန် ခဲယဉ်းသည်ကို သတိချပ်စေလိုကြောင်း၊ မိမိတို့နိုင်ငံတော်သည် ပြည်သူများ၏ ဆန္ဒနှင့်အညီ ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေသည်ဖြစ်သည့် အတွက် တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခိုင်ခိုင်မာမာဖြစ်တည်ရေး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်ရန်လိုအပ်သကဲ့သို့ လုံခြုံရေးအရလည်း တည်ငြိမ် နေရန် လိုအပ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် နိုင်ငံသူ နိုင်ငံသားများကို ကာကွယ်ရေး ဖြစ်သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေး စနစ် မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်  အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်သွားကြရ မည်ဖြစ်ကြောင်း၊   ပေးအပ်လာသည့်  ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် အထက်ကယုံကြည်အားထားရပြီး လက်အောက်က လေးစားအားကိုးရသည့်  အရာရှိကောင်းများဖြစ်ရန်၊   ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းများဖြစ်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊   သင်ကြားပေးလိုက်သည့်  အသိပညာ အတတ်ပညာရပ်များကို မိမိတို့၏ တွေးခေါ်မြော်မြင်တတ်မှု၊ ကြိုးစား အားထုတ်မှုများနှင့် ပေါင်းစပ်ပြီး မိမိကိုယ်ကို အမြဲတိုးတက်မြင့်မား စေရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင် တစ်ဦးတွင်    ရှိရမည့်အရည်အသွေးများ   ပြည့်ဝစေရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ တိကျစွာ လိုက်ပါလုပ်ဆောင်ပြီး လက်တွေ့နယ်ပယ်အတွေ့အကြုံများနှင့် ပေါင်းစပ်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊     နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်အတွက် ပေးအပ်လာမည့်တာဝန်များအပေါ် တိတိကျကျ လိုက်နာဆောင်ရွက်ပြီး မိမိတတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ဦးထိပ် ပန်ဆင်ပြီး    နိုင်ငံတော်နှင့် တပ်မတော်အပေါ်  သက်စွန့်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အလေးပြုခြင်းကို ခံယူ


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့်  ဗိုလ်လောင်းငါးဦးကို  တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင်   သင်တန်းတက်ရောက်ရ သည့် လေးနှစ်တာ ကာလတစ်လျှောက်လုံး စာပေပညာ၊ စစ်ပညာတို့တွင် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊  မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်း ကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစား အားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ ယခု ဗိုလ်လောင်းအမှတ်စဉ် တတိယနှစ်နှင့် နောက်ဆုံးနှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သဖြင့် သင်တန်းကာလ နှစ်နှစ်သည် တစ်နှစ်ပတ်လုံး တပ်ပြင်ထွက်ခွင့်မရရှိဘဲ စာပေပညာ၊ စစ်ပညာများကို ပိုမိုလေ့လာ လေ့ကျင့်ခဲ့သည်မှာ ထူးခြားမှု တစ်ခုပင်ဖြစ်ကြောင်း။
ကျေးဇူးဆပ်ရန် လိုအပ်မည်


ထူးချွန်ဆုရ ဗိုလ်လောင်းများ၏    မိဘများသည်   တောင်သူ လယ်သမားများ၊  သာမန်အခြေခံမိသားစုများပင်ဖြစ်သည်ကို တွေ့ရှိ ရပြီး ယခုကဲ့သို့   ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရေး ငယ်စဉ် ကတည်းကပင် ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူး ကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်းသင်တန်း   လေးနှစ်တာကာလအတွင်း  တပ်မတော်၏ ခေါင်းဆောင်ငယ်များဖြစ်လာစေရေး   လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏   ကျေးဇူးကိုလည်း   မမေ့ရန် လိုကြောင်း၊    နိုင်ငံတော်နှင့်  တပ်မတော်က နောင်အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းပြီး လေ့ကျင့်မွေးထုတ် ပေးခဲ့ခြင်းဖြစ်သည့်အတွက် သင်ကြားပေးလိုက်သည့် ပညာများ၊ အခြေခံကောင်းများဖြင့် တာဝန်ကို   သစ္စာရှိရှိ   ကြိုးစားအားထုတ် ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကိုထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးကို ဆပ်ရာရောက်မည်ဖြစ်ကြောင်း၊ စစ်သားကောင်းတစ်ယောက်ပီသစွာ  နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် နောင်တော်ကျောင်းဆင်းအရာရှိများ၊    စစ်သည်များထံမှလည်း ကောင်းမွန်သည့်     အတွေ့အကြုံကောင်းများကို   လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေ ရေး၊ မိသားစုများ၏ မျှော်မှန်းချက်များ ဖြစ်ပေါ်လာစေရေး မိမိကိုယ်ကို ထိန်းသိမ်းပြီး    မိမိဘဝကို       မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။


ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လျက်ရှိသဖြင့် ခေတ်နှင့်အမီ လိုက်နိုင်ရေး၊ နည်းပညာပိုင်းဆိုင်ရာများတွင် နောက်ကျ မကျန်ခဲ့စေရေးတို့အတွက် သိသင့် သိထိုက်သည် မှန်သမျှကို အမြဲမပြတ် ဖတ်ရှုလေ့လာမှတ်သားနေရမည်ဖြစ်ကြောင်း၊ ယခု ကျောင်းတော်ကြီးမှ သင်ကြားလေ့ကျင့်ပေးလိုက်သည့် အခြေခံကောင်းများ၊ ကောင်းမွန် သည့် အလေ့အကျင့်များကို အသုံးချပြီး ဘဝတစ်လျှောက်လုံးတွင် နိုင်ငံတော်၊ တပ်မတော်နှင့် မိသားစုက ဂုဏ်ယူအားထားကြရသူများ ဖြစ်လာအောင် သစ္စာရှိစွာဖြင့် ကြိုးစားအားထုတ်သွားကြရမည်ဖြစ် ကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်