ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   ဒီဇင်ဘာ  ၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို   လေကြောင်း၊ ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်   အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေ နှစ်စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၄၀၀၀  နှင့် နှာခေါင်းစည်း (Mask) ၁၆ တန်တို့ကို တင်သွင်း ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို    သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ် သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 
သတင်းစဉ်