အရှေ့တောင်အာရှနိုင်ငံများ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်

 

 

နေပြည်တော်   ဒီဇင်ဘာ   ၇
SEA GAMES ပြိုင်ပွဲများ  အောင်မြင်စွာကျင်းပနိုင်ရေး အတွက် South East Asian Games Federation (SEAGF) Council အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂  နာရီခွဲတွင် နေပြည်တော်ရှိ   ရုံးအမှတ်  (၃၁) အစည်းအဝေးခန်းမ၌      ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ SEAGF Office အဖွဲ့ဝင်များ ဦးဆောင်၍ အရှေ့တောင်အာရှနိုင်ငံများမှ အိုလံပစ် ကော်မတီဥက္ကဋ္ဌများ  တက်ရောက်ကြပြီး မြန်မာနိုင်ငံ မှ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးမင်း သိန်းဇံ၊  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး   ဒုတိယဝန်ကြီး   ဦးမျိုးလှိုင်နှင့်  မြန်မာနိုင်ငံ   အိုလံပစ်ကော်မတီမှ    တာဝန်ရှိသူများ  တက်ရောက်ကြသည်။    
အစီအစဉ်အရ   ဖွင့်ပွဲအခမ်းအနားတွင်  South East Asian Games Federation (SEAGF) ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြ သည့် အရှေ့တောင်အာရှနိုင်ငံ အသီးသီးမှ   အိုလံပစ် ကော်မတီဥက္ကဋ္ဌများက        မိတ်ဆက်စကားများ ပြောကြားကြသည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အနေဖြင့်   မိတ်ဆက်စကားပြောကြားပြီး မိမိတို့နိုင်ငံ အနေဖြင့် (31st) SEA GAMES နှင့် (32nd) SEA GAMES ပြိုင်ပွဲများ   အောင်မြင်စွာ  ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊  ဒေသတွင်း   အရှေ့တောင် အာရှနိုင်ငံများ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့်        အကောင်းဆုံးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် (31st) SEA GAMES ပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲ အား ၂၀၂၂ ခုနှစ် မေ ၁၂  ရက်မှ   ၂၃  ရက်အထိ အားကစားနည်း  ၄၀၊ ပြိုင်ပွဲအမျိုးအစား ၅၂၆ မျိုးကို ဗီယက်နမ်နိုင်ငံ မြို့ကြီး  ၁၂ မြို့၌  လက်ခံကျင်းပသွား မည်ဖြစ်ကြောင်း  တင်ပြဆွေးနွေးခဲ့ပြီး (32nd) SEA GAMES ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ    အိုလံပစ်ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်  မေ ၅ ရက်မှ  ၁၇ ရက်အထိ မြို့ကြီး ငါးမြို့၌ အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ် ထားရှိပါကြောင်း တင်ပြဆွေးနွေးကာ အစည်းအဝေး တက်ရောက်လာကြသည့် အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံ အိုလံပစ်ကော်မတီများက (31st) SEA GAMES ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ/ပိတ်ပွဲနှင့် တည်းခိုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာ ရေးဆိုင်ရာ  စောင့်ရှောက်မှု  ကိစ္စရပ်များ၊    သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ   ကိစ္စရပ်များ၊   ပြိုင်ပွဲဝင် အားကစားသမားများ          ဝင်ခွင့်ကတ်ပြုလုပ်ခြင်း ဆိုင်ရာကိစ္စရပ်များကို    ဝိုင်းဝန်းဆွေးနွေးကြ သည်။
ယခု   အစည်းအဝေး၏  ဆုံးဖြတ်ချက်အရ (32nd) SEA GAMES ပြိုင်ပွဲကို လက်ခံကျင်းပမည့် ကမ္ဘော ဒီးယားနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌအား South East Asian Games Federation (SEAGF) ပူးတွဲ ဥက္ကဋ္ဌခန့်အပ်မှုကို အတည်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်