မော်စကို ဒီဇင်ဘာ ၆
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း     ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၂၁၃၆ ဦး ရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၉၈၃၃၇၄၉ ဦးရှိလာကြောင်း ရုရှား နိုင်ငံ၏     ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့်  တုံ့ပြန်ရေး စင်တာ၏       ပြောကြားချက်အရ  သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌    လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၈၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်       သေဆုံးသူ စုစုပေါင်း ၂၈၂၄၆၂ ဦး    ရှိလာ ကြောင်း သိရသည်။
 ပြန်လည်ကျန်းမာလာ
ထို့ပြင် ရုရှားနိုင်ငံ၌  လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ မှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၈၀၇၀ ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါမှ   ပြန်လည်ကျန်းမာလာသူ       စုစုပေါင်း ၈၅၃၀၄၇၆  ဦး      ရှိလာ ကြောင်း သိရသည်။
မြို့တော်မော်စကိုသည်  ရုရှား နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၃၁၃၄ ဦး ရှိခြင်းကြောင့်  မြို့တော်တစ်ဝန်း တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၁၉၆၆၃၇၄  ဦးရှိလာ ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n
      


