
နေပြည်တော် နိုဝင်ဘာ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိ သူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်း ပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ မှတ်ချက်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်မှု မရှိဘဲ ရဟတ်ယာဉ်ငှားရမ်းခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ငှားရမ်း သည့်ကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စာချုပ်ပါ ပျံသန်း အသုံးပြုနိုင်သည့် နာရီ ၇၂၀ တွင် ၈၄ ဒသမ ၉၅ နာရီသာ ပျံသန်း အသုံးပြုခဲ့၍ လျော့နည်းပျံသန်းချိန် ၆၃၅ ဒသမ ၀၅ နာရီအတွက် ယခင်ပျံသန်းအသုံးပြုမှု အခြေအနေများအရ လေလွင့်မှု ရှိ/မရှိ မစိစစ်ဘဲ ငှားရမ်းခြင်းသက်တမ်းတိုး စာချုပ်များအား ခွင့်ပြု၍ အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကျော် ပိုမိုပေးချေခဲ့ရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း။
စီမံခန့်ခွဲမှုရန်ပုံငွေများအား ရည်ရွယ်ချက်အတိုင်း
ထိရောက် အကျိုးရှိစွာသုံးစွဲခဲ့ခြင်းမရှိ
နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ရဟတ် ယာဉ်ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် ဝယ်ယူသည့် စာချုပ်၏ General term တွင် Warranty နှင့် Excusable Delays ဖော်ပြပါရှိသော်လည်း ပြင်ဆင်ရန် လိုအပ်မှုများနှင့် နောက်ကျ ရောက်ရှိမှုများအတွက် ဒဏ်ကြေးများ ထည့်သွင်းချုပ်ဆိုထားမှု မရှိခြင်း၊ ပြည်သူ့ဘဏ္ဍာဖြစ်သော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများအား ရည်ရွယ်ချက်အတိုင်း ထိရောက် အကျိုးရှိစွာသုံးစွဲခဲ့ခြင်းမရှိဘဲ ရဟတ်ယာဉ် ဝယ်ယူရေးအတွက် မြန်မာငွေကျပ်သိန်းပေါင်း နှစ်သိန်း သုံးသောင်းကျော် ပေးချေခဲ့ ရခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ
သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်
ထို့ပြင် ဝယ်ယူပြီးသော ရဟတ်ယာဉ်၏ Operation and Main-tenance ကိစ္စ ဆောင်ရွက်ရာတွင် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံရေး စာချုပ်ပါ အချက်များအား စိစစ်ညွှန်ကြားရန် ပျက်ကွက်ခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဘေးသင့်သူများ အတွက်သာ သုံးစွဲရမည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိမည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီးဖြစ်သော်လည်း ထိန်းသိမ်းမည့် ကုမ္ပဏီနှင့် လိုအပ်သလို ညှိနှိုင်း၍ စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့မှု မရှိခြင်း၊ စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ရဟတ်ယာဉ် မရောက်သေးဘဲ ကြိုတင်ပေးချေထားခြင်းတို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊
ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့
ထိုသို့ နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေ ခဲ့ခြင်းအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီး ဟောင်း ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မ ရဲစခန်းတွင် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၇ ရက်၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံစစ်ဆေးပေါ်ပေါက် ချက်များအရ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံ တော်၏ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ ခြင်းအတွက် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ သတင်းစဉ်